ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday 24 May 2012

ဗြဟ္မ၀ိဟာရ (၄)မျိုး

ဗြဟ္မ၀ိဟာရ ဟူသည် `မြတ်သောနေခြင်း၊ မြတ်သောယောဂီသူတော်စင်၏ နေခြင်း´ဟု အဓိပ္ပာယ်ရှိသည်။ ဗြဟ္မာတို့သည် အပြစ်ကင်းစွာ နေထိုင်ကြသကဲ့သို့ ယောဂီပုဂ္ဂိုလ်သည်လည်း မေတ္တာ စသော တရားလေးပါးတို့ကို ရူပွားနေထိုင်ပါက အပြစ်ကင်းသောနေခြင်း မြတ်သော နေခြင်းပင်ဖြစ်သည်။ ဗြဟ္မ၀ိဟာရတရား (၄)ပါးကား အောက်ပါအတိုင်းဖြစ်သည် -





၁။ မေတ္တာ - ချစ်ခင်ခြင်း သတ္တ၀ါတို့အပေါ် အကျိုးစီးပွား ချမ်းသာသုခများကို လိုလားခြင်း၊

၂။ ကရုဏာ - ဆင်းရဲဒုက္ခရောက်နေသူများကို ကယ်ဆယ်လိုခြင်း၊ သနားကြင်နာခြင်း၊

၃။ မုဒိတာ - ဥစ္စာ စည်းစိမ် ဂုဏ်သိန်တို့နှင့် ပြည့်စုံသူများကို မြင်တွေ့လျှင် ၀မ်းမြောက်ခြင်း၊

၎။ ဥပေက္ခာ - မုန်းချစ်မပြုတည့်မတ်စွာ ရူခြင်း၊ ကံအတိုင်း ဖြစ်ကြပေသည်ဟု သဘောထားတတ်ခြင်း တို့ဖြစ်သည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာနမှ ထုတ်ဝေသော ဗုဒ္ဓဘာသာတရားတော်များ(အထက်တန်းအဆင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

No comments:

Post a Comment