ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday 23 May 2012

အချိန်ကို အကောင်းဆုံးအသုံးချနည်း

အလုပ်အားလပ်ချိန် အနားယူချိန်မှာဆိုရင်တော့ ငါးမိနစ် ဆယ်မိနစ်ပဲဖြစ်ဖြစ် မျက်စိကတော့ ဖွင့်ရက်နဲ့ စိတ်ကို အတွင်းမှာထားပြီး ဝေဒနာတွေကို ရူပြီး အနိစ္စ အနိစ္စလို့ သိနေပါ။ တစ်နေရာရာမှာ ရုံးတစ်ရုံးမှာ ဘူတာရုံကားဂိတ်မှာ အစရှိလို့ပဲဖြစ်ဖြစ် ကိစ္စတစ်ခုနဲ့ပဲဖြစ်ဖြစ် တစ်နေရာရာမှာ စောင့်နေရတယ်ဆိုရင် စိတ်ထဲမှာ မကျေမနပ်ဖြစ်ပြီး၊ စိတ်ဆိုးပြီး အကုသိုလ်တွေ ပွားမနေဘဲ ကိုယ့်အတွက် အခုလည်းမကောင်း နောင်လည်းမကောင်း မဖြစ်ကြပါစေနဲ့၊ စောင့်ရမယ်ဆိုရင် စောင့်ရတာပေါ့။ မျက်စိဖွင့်ပြီးတော့ စိတ်ထဲက အနိစ္စနဲ့ ဝေဒနာတွေကို ရူနေရင် အခုလဲ အကျိုးရှိပါတယ်။ နောင်လည်း အကျိုးရှိပါတယ်။

အချိန်ကိုလဲ အကောင်းဆုံးအသုံးချတဲ့နည်း ဖြစ်ပါတယ်။ ကိုယ့်အိမ်မှာဘဲဖြစ်ဖြစ် တရားစခန်းမှာဘဲဖြစ်ဖြစ်ဆိုရင်တော့ အမြဲပဲ မျက်စိမှိတ်ပြီးတော့မှ တရားရူပါ။ လူတွေရှေ့မှာဆိုရင်တော့ မျက်စိဖွင့်ပြီးရူပါ။ မဟုတ်ရင် ကိုယ့်ကိုယ်ကို ယောဂီပါလို့ လူသိအောင် လုပ်နေသလိုဖြစ်ပြီး ငါအစွဲကို အားပေးရာရောက်ပါလိမ့်မယ်။ မျက်စိဖွင့်ပြီး ကိုယ့်စိတ်ထဲမှာ တရားရူနေတယ်ဆိုတာကို ပတ်ဝန်းကျင်က လူတွေတောင် မသိစေရပါဘူး။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment