ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday 27 May 2012

ချစ်ခင်သူ၌ မေတ္တာပွားခြင်း

မိမိကိုယ်ကို ရှေးဦးစွာ အဖန်ဖန် မေတ္တာပွာပြီးနောက် -

- မြတ်နိုး လေးစားထိုက်သော ဆရာ၊
- ဆရာကဲ့ သို့ လေးစားထိုက်သော ပုဂ္ဂိုလ်၊
- ဥပဇ္ဈာယ် ဆရာ၊
- ဥပဇ္ဈာယ်ဆရာကဲ့သို့ လေးစားထိုက်သော ပုဂ္ဂိုလ်- တို့၏ သီလ သုတစသောဂုဏ်၊ အခြားမြတ်နိုးလေးစားဖွယ်ဂုဏ်တို့ကို ဆင်ခြင်အောက်မေ့၍ `ဤသူတော်ကောင်း ချမ်းသာပါစေ၊ ဆင်း ရဲကင်းပါစေ´စသည်ဖြင့် မေတ္တာပွားရမည်။

ထို့နောက် အလွန်ချစ်သော မိတ်ဆွေ၊ အလယ်အလတ်(မချစ်မမုန်း) ပုဂ္ဂိုလ်၊ ရန်သူတို့ကိုလည်း ဖော်ပြပါနည်းတူ အစဉ်အတိုင်း မေတ္တာပွားရမည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာနမှ ထုတ်ဝေသော ဗုဒ္ဓဘာသာတရားတော်များ(အထက်တန်းအဆင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

No comments:

Post a Comment