ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday 23 May 2012

အာနာပါနနှင့် ၀ိပဿနာကိုရူပါ

လူ့ဘ၀ဟာ အင်မတန်အဖိုးထိုက်တန်ပါတယ်။ အင်မတန်မှလဲ ရခဲပါတယ်။ ဒီလောက် အဖိုးထိုက်တန်တဲ့ ရခဲလှတဲ့ လူ့ဘ၀ကို ယောဂီတို့ အခုရကြပါပြီ။ ဒီလောက် အဖိုးထိုက်တန်တဲ့ ကမ္မဋ္ဌာန်းနည်းကိုလည်း ယောဂီတို့ရကြပါပြီ။ ရတဲ့အခွင့်အရေး နှစ်ခုစလုံးကို အကောင်းဆုံး အသုံးပြုကြပါ။ ပြီးတော့ တရားကျင့်တာ ယောဂီအတွက် အကျိုးကျေးဇူးခံစားရရဲ့လား၊ ဘ၀မှာ ထူးခြားမူ တိုးတက်မူ တစ်ခုခုရှိပါရဲ့လားဆိုတာကိုလည်း သတိထားပြီး ကြည့်ကြပါ။

အချိန်ရသလောက် တရားကျင့်ကြပါ။ ရက်ပိုင်းနဲ့ တရားထိုင်တယ်ဆိုရင် ထိုင်တဲ့ အချိန်ရဲ့ ၃-ပုံပုံ ၁-ပုံကို အာနာပါန ရူပါ။ ကျန်တဲ့ ၂-ပုံကို ၀ိပဿနာ ရူပါ။ နေ့စဉ် မနက် ၁-နာရီ၊ ညနေ ၁-နာရီ ထိုင်တာကတော့ အချိန်ကနည်းလွန်းတော့ ၀ိပဿနာကိုပဲ အချိန်ပြည့်ရူပါ။ အာနာပါနကိုတော့ လိုရင်လိုသလို လိုသလောက် အချိန်ယူပြီးရူပါ။

တချို့နေ့တွေမှာ စိတ်ကသိပ်လူပ်ရှားနေတယ်။ စိတ်တွေသိပ်များနေတယ်။ စိတ္မျငိမ္ဘူး။ အာရုံထိန်းလို့မရဘူးဆိုရင်တော့ စိတ်တော်တော်ကလေး ငြိမ်းသွားတဲ့အထိ အာနာပါနပဲ ရူပါ။ ပြီးမှ ၀ိပဿနာကိုစပါ။ တရားစထိုင်တဲ့အချိန်မှာ စိတ်က ငြိမ်သက်နေလို့ ၀ိပဿနာနဲ့စရင်တောင် ထိုင်နေတုန်းမှာစိတ်က လူပ်ရှားလာရင် အာနာပါနကို ပြန်ရူပါ။ အာနာပါနကို ၂-မျိုး အသုံးပြုနိုင်ပါတယ်။

ပထမ တစ်မျိုးကတော့ စိတ်ကစားနေရင် အာရုံတွေလွင့်ပါးနေရင် လွင့်ပါးတဲ့စိတ်ကို စူးစိုက်လာအောင် ပြန်ထိန်းပေးနိုင်ဖို့ရာ ဖြစ်ပြီး၊ ဒုတိယနည်းကတော့ စိတ်မငြိမ်မသက်ဖြစ်ပြီး စိတ်လူပ်ရှားမူတွေများနေရင် ငြိမ်သက်လာအောင်ဖြစ်ပါတယ်။ အားလုံးအဆင်ပြေနေရင် သမာဓိကလည်း အားကောင်းနေပါတယ် ဆိုရင်တော့ ၀ိပဿနာကို အရေးပေး အချိန်ပေးပြီးရူကြပါ။ ကျင့်ကြပါ။ ဒီဝိပဿနာရူတာမှာ ဝေဒနာတွေကိုလဲ ကစားသလို လုပ်မနေကြပါနဲ့။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment