ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday 23 May 2012

ဆရာကြီးဦးဘခင်ပမာ

ဆရာကြီးဦးဘခင်ကိုပဲ ကြည့်ကြပါ။ မိဘဆွေမျိုးတွေက မချမ်းသာတော့ ပညာကိုဆက်မသင်နိုင်တော့ဘဲ ငွေစာရင်းမင်းကြီးရုံးမှာ အောက်တန်းစားရေးကစပြီး အလုပ်လုပ်ခဲ့ရပါတယ်။ အဲဒီအချိန်တုန်းက သူ့ဆရာဖြစ်သူ ဆရာသက်ကြီးနဲ့တွေ့ပြီး ၀ိပဿနာတရားပတ်ဝင်ခဲ့ပြီး ၀ိပဿနာကို ကျင့်ခဲ့ပါတယ်။ မြန်မာပြည် လွတ်လပ်ရေးရတော့ မြန်မာပြည်ရဲ့ ပထမဦးဆုံးငွေစာရင်းမင်းကြီးဖြစ်ခဲ့ပါတယ်။ အဲဒီအချိန် မတိုင်ခင်တုန်းကဆိုရင် ဒီရုံးမှာ လာဘ်ပေး လာဘ်ယူတာတွေ၊ အကျင့်စာရိတ္တပျက်ပြားတာတွေ အများကြီးပဲ ရှိခဲ့ပါတယ်။

ဆရာကြီးဦးဘခင်ကရုံးမှာ အမိန့်ပြန်တမ်းတစ်ခု ထုတ်လိုက်ပါတယ်။ `လူကုံထံက လျှောက်လွှာတစ်ခုရရင် ၂-ရက်အတွင်း ဆုံးဖြတ်ချက် ချပေးရပါမယ်။ ဒီလျှောက်လွှာနဲ့ ပတ်သက်လို့ အရူပ်အထွေးကိစ္စတွေရှိခဲ့ရင် သူ့ဆီကိုယူခဲ့ပါ။ သူက ဆုံးဖြတ်ချက် ချပေးပါမယ်။ ဒီလျှောက်လွှာကို ချပေးသည်ဖြစ်စေ မဟုတ်ရင် သူ့ဆီကို ဒီလျှောက်လွှာအမူတွဲ ယူမလာရင်ဖြစ်စေ သက်ဆိုင်ရာ အမူထမ်းကို အလုပ်က ဖြုတ်ပစ်မယ်´ဆိုတာပါပဲ။ ဒါတင်မကသေးပါဘူး။ ငွေစာရင်း မင်းကြီးရုံးပေါ်မှာလဲ ရုံးခန်းတစ်ခန်းထဲမှာ ၁၀- ရက်တရားပတ်တွေ စပြီးပေးပါတယ်။

လက်ထောက်မင်းကြီးကစပြီး မင်းစေလုလင်အထိ တက်ရောက်ပြီး တရားကျင့်ကြပါတယ်။ ဒီလိုလုပ်လိုက်တဲ့အခါကျတော့ တစ်ရုံးလုံးမှာ ပြောင်းလဲမူကြီး ဖြစ်လာပါတယ်။ ၀န်ကြီးချုပ်ကလည်း အင်မတန် သဘောကျပြီး ၀မ်းသာပါတယ်။ တခြား အစိုးရဋ္ဌာနတွေမှာလည်း လာဘ်ပေးလာဘ်ယူမူတွေ၊ အကျင့်စာရိတ္တပျက်ပြားတာတွေ ကင်းရှင်းစေချင်တော့ ဦးဘခင်ကို သူ့ပင်ရင်း ငွေစာရင်းဌာနအပြင် အခြားဌာနကိုလည်း ကြီးကြပ်ခိုင်းပါတယ်။

တစ်ခါကဆိုရင် ဦးဘခင်ဟာ ဌာနကြီး ၄-ဌာနကို ကြီးကြပ်ဦးစီးခဲ့ပါတယ်။ အလုပ်လုပ်နိုင်တာဟာ အင်မတန်တိုးတက်လာပါတယ်။ သူဟာ ဘယ်ရုံးမှာပဲထိုင်ထိုင် သူ့ဆီရောက်လာသမျှ အမူတွေအားလုံးကို ဆုံးဖြတ်ပြီး သူပြန်တဲ့အချိန်မှာ စားပွဲပေါ်မှာ မပြီးပြတ်သေးတဲ့ အမူတွဲဆိုလို့ တစ်ခုမှ မကျန်ရှိခဲ့ပါဘူး။ အသက် ၅၅-နှစ်အရွယ်မှာ အငြိမ်းစားယူဖို့လုပ်တော့ အစိုးရက ခွင့်မပြုပါဘူး။း

ဒီလိုနဲ့တစ်နှစ်ပြီးတစ်နှစ် ဆက်ပြီးအလုပ်လုပ်ခဲ့တာ အမူထမ်းခဲ့တာ နောက်တစ်နှစ် နောက်တစ်နှစ်နဲ့ ၃-နှစ်ပြည့်သွားတော့ အစိုးရဥပဒေအရ နောက်ထပ်ဆက်ပြီး အမူထမ်းခွင့်မပြုတော့ပါဘူး။ ဒါပေမယ့် ဦးဘခင်အတွက် အစိုးရဥပဒေကို လွှတ်တော်မှာပြင်ယူရပါတယ်။ ဒီဥပဒေဟာ အားလုံးအတွက်ဖြစ်ပေမယ့် ဦးဘခင်အတွက်တော့ မဟုတ်ပါဘူးဆိုပြီး ၄-နှစ်၊ ၅-နှစ်၊ နောက် ၁၀-နှစ်၊ ၁၂-နှစ်ဆက်ပြီး အသက် ၆၇-နှစ်ထိ အမူထမ်းရပါတယ်။ ဒါဟာ လစာငွေကို မက်လို့မဟုတ်ပါဘူး။ လူဝတ်ကြောင်တစ်ဦးအနေနဲ့တော့ လစာကိုလိုတာပေါ့။ ဒါပေမယ့် အလုပ်လုပ်ရတာ တိုင်းပြည်အတွက် အမူထမ်းရတာ အရသာရှိလွန်းလို့ စိတ်ကျေနပ်မူ ရလွန်းလို့ဖြစ်ပါတယ်။

လစာအနေနဲ့ဆိုရင်တော့ အစိုးရဥပဒေအရဆိုရင် ပင်ရင်းဌာနက လစာအပြည့်နဲ့ တခြားဌာနတစ်ခုက လစာငွေ ၃-ပုံ ၁-ပုံဆိုတော့ သူ့ပင်ရင်းဌာနက လစာငွေအပြည့်ရယ် တခြားဌာန ၃-ခုက လစာ ၃-ပုံ ၁-ပုံစီရယ်ဆိုတော့ လစာငွေ စုစုပေါင်း နှစ်ဆတိုးရတာပေါ့။ ဒီတော့ သူက အစိုးရထံမှာ စာတင်ပါတယ်။ သူ့ရဲ့ပင်ရင်းလစာတစ်ခုတည်းကိုပဲ ယူပါ့မယ်။ သူဟာ အရင်တုန်းကအတိုင်းပဲ အလုပ်လုပ်တာပါပဲ။ အချိန်ပိုလုပ်တာ မဟုတ်ပါဘူး။ အလုပ်ကို ပိုပြီးလုပ်နိုင်တာကို လစာငွေပိုပြီး မလိုချင်ပါဘူးလို့ ပြောပါတယ်။

လူအများကောင်းကျိုးအတွက် ဆောင်ရွက်ချင်ပြီး အလုပ်လုပ်တော့ လုပ်အားက ပိုပိုပြီး တိုးလာတာဖြစ်ပါတယ်။ ဆရာကြီးဦးဘခင် တစ်ဦးတည်းသာ မဟုတ်ပါဘူး။ တခြားယောဂီတွေလဲ နေ့စဉ် တရားထိုင်ကြပြီဆိုရင် အလုပ်လုပ်နိုင်အားဟာ တိုးတိုးလာကြပါတယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment