ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday 17 May 2012

ကမ္မဋ္ဌာန်းနည်းမှာ မိမိကိုယ်ကိုအပ်နှံကြ

နောက်ယောဂီတို့က မိမိတို့ကိုယ်ကို အပ်နှံကြပါတယ်။ ကိုယ်ကိုအပ်နှံတယ်ဆိုရာမှာ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို အပ်နှံတာ မဟုတ်ပါဘူး။ တရားကို အပ်နှံတာ ဖြစ်ပါတယ်။ ယောဂီဟာ ဘယ်ဆရာ ဘုဂုရုရဲ့ လက်ခုပ်ထဲမှာမှ မနေရပါဘူး။ တရားဟာ ယောဂီရဲ့ ဆရာပါပဲ။ ဆရာဆိုတဲ့ ပုဂ္ဂိုလ်ကလဲ သူကိုယ်တိုင် ဒီလမ်းလျှောက်ပြီးပြီဖြစ်လို့ လမ်းပြပေးရုံလောက်သာပါပဲ။

ဒီ ၁၀- ရက်တရားပတ်အတွင်းမှာ ဒီတရာနဲ့ ကမ္မဋ္ဌာန်းနည်းမှာ မိမိကိုယ်ကို အပ်နှင်းတဲ့အတွက် ဒီ၁၀-ရက် အတောအတွင်းမှာတော့ ဘယ်ကမ္မဋ္ဌာန်းနည်းနဲ့မှ မရောနှောပါဘူး။ ကျင့်နည်းတွေအမျိုးမျိုးနဲ့ ကျင့်ကြရင် တရားမှာအောင်မြင်ပြီး အကျိုးကျေးဇူးတွေ ခံစားရတဲ့အခါကျတော့ ဘယ်နည်းကြောင့် အောင်မြင်ရပါသလဲ၊ အကျိုးခံစားရပါသလဲဆိုတာကို မသိနိုင်ဖြစ်နေပါလိမ့်မယ်။ တရားမှာ မအောင်မြင်ဘူး၊ အကျိုးထူး မခံစားရဘူးဆိုပြန်လဲ ဘယ်ကျင့်နည်းကြောင့် ဘယ်ကျင့်စဉ်ကြောင့် မအောင်မြင်တာလဲ၊ အကျိုးထူးမခံစားရတာလဲဆိုတာကိုလဲ မသိနိုင်ပါဘူး။

ဒီ ၁၀-ရက်အတွင်းမှာ ဆရာသင်ကြား ပြသပေးတဲ့အတိုင်း တစ်သဝေမတိမ်း လိုက်နာကြပါ။ ၁၀-ရက်ပြည့်သွားတဲ့အခါကျတော့ ယောဂီတို့ ကိုယ်ကြိုက်တာကို ကိုယ်လုပ်ကြပါ။ ကိုယ့်ဟာကို ဆုံးဖြတ်ချက်ချပြီး အကျိုးရှိတယ်ထင်ရင် လက်ခံပါ။ မကောင်းဘူး၊ အကျိုးမရှိဘူးထင်ရင်လဲ လက်မခံပါနဲ့။ ဒီ ၁၀-ရက်အတွင်းမှာတော့ ဒီကမ္မဋ္ဌာန်းနည်း တစ်ခုတည်းကိုသာ မိမိစိတ်ရောကိုယ်ပါ အပ်နှံထားဖို့ ဖြစ်ပါတယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment