ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday 17 May 2012

ဒသမနေ့ ဓမ္မဒေသနာ

ပြန်လည်သုံးသပ်
တရားပတ်မှာ ၁၀-ရက်တော့ ကုန်ဆုံးသွားပါပြီ။ မနက်ဖြန် မနက် ၇-နာရီ၊ ၇-နာရီခွဲလောက်မှာဆိုရင် ဒီတရားပတ် အဆုံးသတ်ပါတော့မယ်။ ဒါကြောင့် ဒီကနေ့ည ဟောစဉ်မှာ ယောဂီတို့ ဒီမှာဘာတွေ ကျင့်သုံးခဲ့ကြတယ်၊ ဘာတွေသင်ယူခဲ့ကြတယ်ဆိုတာကို ပြန်ပြီး သုံးသပ်ကြဖို့ဖြစ်ပါတယ်။ ဒီတော့မှ ယောဂီတို့ အိမ်ပြန်သွားကြတဲ့အခါ ၀ိပဿနာနည်းကို စိတ်ထဲမှာ မရှင်းမလင်း ဖြစ်မနေဘဲ သံသယကင်းရှင်းနေရန် ဖြစ်ပါတယ်။

နောက်ပြီးတော့လည်း တရားကိုဆက်ပြီး ကောင်းကောင်းမွန်မွန် ရူနိုင်ပြီး ဒီတရားကျင့်နည်းရဲ့ ရသင့်ရထိုက်တဲ့ အကောင်းဆုံးအကျိုးကျေးဇူးတွေကိုလည်း ရရှိခံစားရမှာဖြစ်ပါတယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment