ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday 27 May 2012

အနောဓိသဖရဏ မေတ္တာပွားနည်း (ကန့်သတ်မဲ့ မေတ္တာပွားနည်း)

အနောဓိသဖရဏ မေတ္တာဟူသည် မည်သူ မည်ဝါ ယောက်ျား မိန်းမ စသည်ဖြင့် ကန့်သတ်ချက် မထားဘဲ အားလုံးပျံ့နှံ့အောင် ပွားများရသော မေတ္တာဖြစ်သည်။

အနောဓိသဖရဏ မေတ္တာပွားနည်းကား အောက်ပါအတိုင်း ဖြစ်ပါသည် -

၁(က) သဗ္ဗေ သတ္တာ အဝေရာ ဟောန္တု = အားလုံးသော သတ္တ၀ါတွေ ဘေးရန် ကင်းကြပါစေ၊
(ခ) သဗ္ဗေ သတ္တာ အဗျာပဇ္ဈာ ဟောန္တု = အားလုံးသော သတ္တ၀ါတွေ စိတ်ဆင်းရဲ ကင်းကြပါစေ၊
(ဂ) သဗ္ဗေ သတ္တာ အနီဃာ ဟောန္တု = အားလုံးသော သတ္တ၀ါတွေ ကိုယ်ဆင်းရဲ ကင်းကြပါစေ၊
(ဃ) သဗ္ဗေ သုခီ အတ္တာနံ ပရိဟရန္တု = အားလုံးသော သတ္တ၀ါတွေ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် မိမိကိုယ်ကို ရွက်ဆောင်နိုင်ကြပါစေ၊ မိမိကိုယ်ကို မိမိ ချမ်းသာစွာ မွေးမြူနိုင်ကြပါစေ၊

၂။ (က) သဗ္ဗေ ပါဏာ အဝေရာ ဟောန္တု = အားလုံးသော အသက်ရူသူတွေ ဘေးရန် ကင်းကြပါစေ၊
(ခ) သဗ္ဗေ ပါဏာ အဗျာပဇ္ဈာ ဟောန္တု = အားလုံးသော အသက်ရူသူတွေ စိတ်ဆင်းရဲ ကင်းကြပါစေ၊
(ဂ) သဗ္ဗေ ပါဏာ အနီဃာ ဟောန္တု = အားလုံးသော အသက်ရူသူတွေ ကိုယ်ဆင်းရဲ ကင်းကြပါစေ၊
(ဃ) သဗ္ဗေ သုခီ အတ္တာနံ ပရိဟရန္တု = အားလုံးသော အသက်ရူသူတွေ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် မိမိကိုယ်ကို ရွက်ဆောင်နိုင်ကြပါစေ၊ မိမိကိုယ်ကို မိမိ ချမ်းသာစွာ မွေးမြူနိုင်ကြပါစေ၊

၃။ (က) သဗ္ဗေ ဘူတာ အဝေရာ ဟောန္တု = အားလုံးသော ထင်ရှားဖြစ်သူတွေ ဘေးရန် ကင်းကြပါစေ၊
(ခ) သဗ္ဗေ ဘူတာ အဗျာပဇ္ဈာ ဟောန္တု = အားလုံးသော ထင်ရှားဖြစ်သူတွေ စိတ်ဆင်းရဲ ကင်းကြပါစေ၊
(ဂ) သဗ္ဗေ ဘူတာ အနီဃာ ဟောန္တု = အားလုံးသော ထင်ရှားဖြစ်သူတွေ ကိုယ်ဆင်းရဲ ကင်းကြပါစေ၊
(ဃ) သဗ္ဗေ သုခီ အတ္တာနံ ပရိဟရန္တု = အားလုံးသော ထင်ရှားဖြစ်သူတွေ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် မိမိကိုယ်ကို ရွက်ဆောင်နိုင်ကြပါစေ၊ မိမိကိုယ်ကို မိမိ ချမ်းသာစွာ မွေးမြူနိုင်ကြပါစေ၊

၎။ (က) သဗ္ဗေ ပုဂ္ဂလာ အဝေရာ ဟောန္တု = အားလုံးသော ပုဂ္ဂိုလ်တွေ ဘေးရန် ကင်းကြပါစေ၊
(ခ) သဗ္ဗေ ပုဂ္ဂလာ အဗျာပဇ္ဈာ ဟောန္တု = အားလုံးသော ပုဂ္ဂိုလ်တွေ စိတ်ဆင်းရဲ ကင်းကြပါစေ၊
(ဂ) သဗ္ဗေ ပုဂ္ဂလာ အနီဃာ ဟောန္တု = အားလုံးသော ပုဂ္ဂိုလ်တွေ ကိုယ်ဆင်းရဲ ကင်းကြပါစေ၊
(ဃ) သဗ္ဗေ သုခီ အတ္တာနံ ပရိဟရန္တု = အားလုံးသော ပုဂ္ဂိုလ်တွေ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် မိမိကိုယ်ကို ရွက်ဆောင်နိုင်ကြပါစေ၊ မိမိကိုယ်ကို မိမိ ချမ်းသာစွာ မွေးမြူနိုင်ကြပါစေ၊

၅။ (က) သဗ္ဗေ အတ္တဘာဝပရိယာပန္နာ အဝေရာ ဟောန္တု = အားလုံးသော အတ္တဘော၌ အတွင်းဝင်သူတွေ ဘေးရန် ကင်းကြပါစေ၊
(ခ) သဗ္ဗေ အတ္တဘာဝပရိယာပန္နာ အဗျာပဇ္ဈာ ဟောန္တု = အားလုံးသော အတ္တဘော၌ အတွင်းဝင်သူတွေ စိတ်ဆင်းရဲ ကင်းကြပါစေ၊
(ဂ) သဗ္ဗေ အတ္တဘာဝပရိယာပန္နာ အနီဃာ ဟောန္တု = အားလုံးသော အတ္တဘော၌ အတွင်းဝင်သူတွေ ကိုယ်ဆင်းရဲ ကင်းကြပါစေ၊
(ဃ) သဗ္ဗေ သုခီ အတ္တာနံ ပရိဟရန္တု = အားလုံးသော အတ္တဘော၌ အတွင်းဝင်သူတွေ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် မိမိကိုယ်ကို ရွက်ဆောင်နိုင်ကြပါစေ၊ မိမိကိုယ်ကို မိမိ ချမ်းသာစွာ မွေးမြူနိုင်ကြပါစေ၊

ဤသို့ ပုဂ္ဂိုလ် (၅)ဦးတို့ကို ဘေးရန်ကင်းကြပါစေ စသည့်(၄)ချက်နှင့် မြှောက်ပွားပါက အနောဓိသဖရဏ မေတ္တာပွားနည်း (၂၀)ပါး ရှိသည်။ သတ္တ၀ါကို သတ္တ ပါဏ ဘူတ ပုဂ္ဂလ အတ္တဘာဝပရိယာပန္နဟူ၍ အသီးသီး အခေါ်အဝေါ်အလိုက် သုံးစွဲထားသော်လည်း အဓိပ္ပာယ်မှာ အတူတူပင် ဖြစ်သည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာနမှ ထုတ်ဝေသော ဗုဒ္ဓဘာသာတရားတော်များ(အထက်တန်းအဆင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

No comments:

Post a Comment