ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday 24 May 2012

အသုဘ(၁၀)ပါး

`အသုဘ´ဟူသော ပါဠိစကားသည် `မတင့်တယ်´ဟု အဓိပ္ပာယ်ရှိ၏။ မတင့်တယ် စက်ဆုပ် ရွံရှာဖွယ် အလောင်းကောင်များကို `အသုဘ´ဟု ခေါ်သည်။ အသုဘ (၁၀)ပါးကား အောက်ပါအတိုင်းဖြစ်သည်  -
၁။ ဥဒ္ဓုမာတက = သေပြီးနောက် နှစ်ရက် သုံးရက် အကြာတွင် ဖူးဖူးရောင်နေသော စက်ဆုပ်ဖွယ် အလောင်းကောင်၊

၂။ ၀ိနီလက = အသားများသောနေရာ၌ အနီကွက်၊ ပြည်စုရာ၌ အဖြူကွက် ထ၍ တကိုယ်လုံး ညိုမဲမဲဖြစ်နေသော စက်ဆုပ်ဖွယ် အလောင်းကောင်၊



၃။ ၀ိပုဗ္ဗက = ပြည်များ ပေါက်ကွဲ ယိုကျနေသော အလောင်းကောင်၊

၎။ ၀ိစ္ဆိဒ္ဒန္ဒက = နှစ်ပိုင်းဖြတ်ထားသော အလောင်းကောင်၊

၅။ ၀ိက္ခာယိတက = ခွေး၊ ကျီး၊ ဠင်းတ စသည်တို့ ကိုက်ခဲ စားသောက်ထားသော အလောင်းကောင်၊

၆။ ၀ိက္ခိတ္တက = လက်၊ ခြေ၊ ခေါင်း၊ တကွဲတပြားဖြစ်ကာ ပြန့်ကြဲနေသော အလောင်းကောင်၊

၇။ ဟတ၀ိက္ခိတ္တက = အင်္ဂါကြီးငယ်တို့ကို ဓား စသော လက်နက်ဖြင့် ခွဲ၍ သတ်ဖြတ် စွန့်ပစ်ထားသော အလောင်းကောင်၊

၈။ လောဟိတက = တကိုယ်လုံးမှာ သွေးများယိုထွက် ပေကျံနေသော အလောင်းကောင်၊

၉။ ပုဠုဝက = တကိုယ်လုံးမှာ ပိုးလောက်တို့ ပြန့်ကြဲနေသော အလောင်းကောင်၊

၁၀။ အဋ္ဌိက = အရိုးစုသာ ကြွင်းကျန်တော့သော အလောင်းကောင် - တို့ဖြစ်သည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာနမှ ထုတ်ဝေသော ဗုဒ္ဓဘာသာတရားတော်များ(အထက်တန်းအဆင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

No comments:

Post a Comment