ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday 17 May 2012

သံဃာတော်၏ ဂုဏ်တော်ကိုခိုလှုံ

သံဃံ သရဏံ ဂစ္ဆာမိ = သံဃာတော်မြတ်ကို ခိုလှုံပါ၏ ဆိုရာမှာလည်း ဂိုဏ်းတစ်ခုကို၊ လူတစ်စုကို ခိုလှုံရမှာ မဟုတ်ပါဘူး။ ဓမ္မလမ်းစဉ်၊ မဂ္ဂင်လမ်းကြောင်းကို လျှောက်သွားပြီး မြင့်မြတ်သွားတဲ့ပုဂ္ဂိုလ်၊ အထွတ်အထိပ်ကို ရောက်သွားပြီဖြစ်တဲ့ ပုဂ္ဂိုလ်၊ ရဟန်းကိစ္စပြီးမြောက်သွားပြီဖြစ်တဲ့ ပုဂ္ဂိုလ်တွေကို ကြည်ညိုအားကျပြီးတော့ မိမိလည်း တရားလမ်းကြောင်းမှာ မြဲမြံအောင် အခြေစိုက်ဖို့ရာ ဖြစ်ပါတယ်။

ပုဂ္ဂိုလ်ကို မဟုတ်ပါဘူး။ ပုဂ္ဂိုလ်ရဲ့ အရည်အချင်းတွေကို ခိုလှုံတာ ဖြစ်ပါတယ်။ ယောဂီတို့ နားလည်ရမှာကတော့ `မိမိတို့ကိုယ်တိုင်ပွားများထားတဲ့ တရားကိုခိုလှုံရမှာဖြစ်ပါတယ်။ ဗုဒ္ဓဟာ ဓမ္မမရှိဘဲ ဗုဒ္ဓမဖြစ်နိုင်ပါဘူး။ သံဃာဟာလည်း ဓမ္မမရှိဘဲ သံဃာမဖြစ်နိုင်ပါဘူး။ ဓမ္မဟာလည်း ကိုယ်တိုင်မပွားများ မကျင့်သုံးရင် ဓမ္မမဖြစ်နိုင်ပါဘူး။ ဓာရေ တီတိ ဓမ္မော - ကျင့်သုံးခြင်း ပွားများခြင်း၊ ကျင့်သုံးပွားများမှသာ ဓမ္မဖြစ်လာပါတယ်။ ဒီတော့မှ တကယ့်ကျေးဇူးကို ခံစားရပါတယ်။ အကွယ်အကာ၊ အကူအညီလဲ ပေးနိုင်ပါတယ်။ ဒါကြောင့် တရားကို ကိုယ်တိုင်ကျင့်ဖို့ရာ အရေးကြီးပါတယ်။

ပြီးတော့ တရားဟာ ယောဂီတို့ရဲ့ဘ၀ နေ့စဉ် နေရေး ထိုင်ရေးတွေမှာ အသုံးပြုဖို့ရာလည်း ဖြစ်ပါတယ်။ အခုလို တရားပတ်တွေကို လာရာမှာ တရားကို နေ့စဉ်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ကိစ္စတွေထဲမှာ ဘယ်လို အသုံးပြုဖို့ရာဆိုတာကိုလည်း စဉ်းစားဖို့ လေ့လာဖို့ ဖြစ်ပါတယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment