ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Saturday 19 May 2012

မသိစိတ်ကို ရူရူနေ

တရားကျင့်တဲ့အခါမှာ ခန္ဓာကိုယ်ပေါ်မှာ ဖြစ်ပေါ်နေတဲ့ ဝေဒနာတွေနဲ့ အမြဲဆက်သွယ်နေတဲ့ အနက်ရိုင်းဆုံးအပိုင်းကို ရူနေနိုင်ဖို့ရာ ဖြစ်ပါတယ်။ ဒီတော့မှ ရုပ်နာမ်တရားရဲ့ အမှန်သစ္စာကို ယောဂီတို့က ကိုယ်တွေ့လက်တွေ့ သိရှိလာမှာဖြစ်ပါတယ်။ ဒါကို သတိနဲ့ သမ္ပဇဉ်နဲ့ရူရာမှာ အင်မတန်အရေးကြီးပါတယ်။

သမ္ပဇဉ်ဆိုတာကတော့ ဖြစ်ပျက်နေပုံ အလုံးစုံကို ပညာနဲ့ရူဖို့ ဖြစ်ပါတယ်။ ဖြစ်ပျက်နေပုံရဲ့ အနိစ္စသဘောကို ကောင်းကောင်း သိနားလည်ပြီး ရူရမှာဖြစ်ပါတယ်။ `ဖြစ်ပျက်နေပုံအားလုံးကို´ ဆိုတော့ ရုပ်နာမ်နှစ်ပါးလုံးနဲ့ ဆိုင်ပါတယ်။ ခန္ဓာကိုယ်ပေါ်မှာ ဝေဒနာခံစားရတယ်ဆိုတာဟာ ရုပ်တရားတစ်ခုတည်းနဲ့ ဆိုင်တာမဟုတ်ပါဘူး။ နာမ်တရားတစ်ခုတည်းနဲ့လဲ ဝေဒနာကို ခံစားနိုင်တာ မဟုတ်ပါဘူး။ ခန္ဓာကိုယ်က စိတ်ပိုင်းမပါဘဲ သူ့ဘာသာသူ ဝေဒနာကို ခံစားနိုင်တာ မဟုတ်ပါဘူး။ ခံစားလို့လဲ မရပါဘူး။ စိတ်ကလဲဒီလိုပါပဲ။ သူတစ်ခုတည်း ကိုယ်မပါဘဲ ဝေဒနာကို မခံစားနိုင်ပါဘူး။ စိတ်ရောကိုယ်ရော ရုပ်နာမ်ရော နှစ်ပါးစလုံးနဲ့မှ ဝေဒနာတွေကို တွေ့ထိခံစားနေရတယ်ဆိုရင် ယောဂီရဲ့ စိတ်ဟာ အနက်ရိုင်းဆုံးအပိုင်းကို ရောက်နေပြီ ဆက်သွယ်နေပြီ ဖြစ်ပါတယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

1 comment:

  1. ဒီထက် နည်းနည်းလေး ပိုပြီးရှည်ရင် ကောင်းမယ်..။

    ReplyDelete