ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday 17 May 2012

ရတနာ ၃-ပါးဆည်းကပ်ပုံ

တရားအလုပ်ခွင်စကြတော့ ပထမဦးဆုံး သရဏဂုံ-၃ပါးကို ဆောက်တည်ခံယူခဲ့ပါတယ်။ ဗုဒ္ဓ၊ ဓမ္မ၊ သံဃာကို ကိုးကွယ်ရာဟူ၍ ယုံကြည်ဆည်းကပ်ပါ၏လို့ ခံယူခဲ့ကြပါတယ်။ `ဗုဒ္ဓကိုဆည်းကပ်တယ်´ ဆိုရာမှာ မြတ်စွာဘုရားမှာ ကိန်းအောင်းနေတဲ့ ဂုဏ်တော်၊ အကျင့်သိက္ခာ၊ အရည်အချင်းတို့ကို ဆည်းကပ်တာဖြစ်ပါတယ်။

ဗုဒ္ဓဆိုတာကတော့ တရားကို မြင်သွားတဲ့ပုဂ္ဂိုလ်လို့ အဓိပ္ပါယ်ရပါတယ်။ မြတ်စွာဘုရားတွေ့ရှိသွားတဲ့၊ မြင်ရှိသွားတဲ့၊ ရရှိသွားတဲ့တရားတို့ကို ဆည်းကပ်တာဖြစ်ပါတယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment