ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday 27 May 2012

မေတ္တာဘာဝနာ ပွားများနည်း

မေတ္တာဘာဝနာပွားမည့်ပုဂ္ဂိုလ်သည် အမျက်ဒေါသ၏ အပြစ်နှင့် သည်းခံခြင်း၏ အကျိုးအာနိသင်တို့ကို ရှေးဦးစွာ ဆင်ခြင်ရမည်။

`အမျက်ဒေါသထွက်သူသည် အကြောင်းအကျိုးကို မသိမြင်တတ်၊ အမျက်ဒေါသကြောင့် ပါဏာတိပါတကံ စသည်များအထိ ကျူးလွန်မိတတ်၏´စသည်ဖြင့် ဒေါသ၏ အပြစ်တို့ကို ဆင်ခြင်ရမည်။

`သည်းခံခြင်းသည်ကား မြတ်သော အကျင့်ဖြစ်၏။ သည်းခံစွမ်းအား ကြီးမားသူကို မကောင်းမူ ပယ်ပြီးသော ရဟန္တာဟူ၍ မြတ်စွာဘုရား ဟောကြားတော်မူ၏။ အကျိုးမဲ့ကို တားမြစ်ပြီး အကျိုးစီးပွားကို ဆောင်နိုင်သည့်တရားများတွင် သည်းခံခြင်းထက် သာလွန်သော တရားမရှိ´ စသည်ဖြင့် သည်းခံခြင်း၏ အကျိုးအာနိသင်တို့ကို ဆင်ခြင်ရမည်။


ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာနမှ ထုတ်ဝေသော ဗုဒ္ဓဘာသာတရားတော်များ(အထက်တန်းအဆင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

No comments:

Post a Comment