ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday 20 May 2012

ဂုရုကြီး ၀ိပဿနာတရား ဖြန့်ဝေရန် ဆုံးဖြတ်ချက်ချ

ဒီတော့ ဦးဂိုအင်ကာက သူ့စိတ်ဆုံးဖြတ်ချက် ချလိုက်ပါတယ်။ သူ့အသက်ထက်ဆုံး တရားနဲ့ပဲ နေနိုင်သမျှနေပြီးတော့ မေတ္တာ ကရုဏာတွေရှေ့ထားပြီး သူတတ်နိုင်သမျှ ဒီတရားကို ဖြန့်ဝေဖို့ရာဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်ခဲ့ပါတယ်။ အခုအချိန်ထိလဲ ဆက်လက်ဆောင်ရွက်နေဆဲပါပဲ။ အိမ်သူအိမ်သားတွေအားလုံးကလည်း သူ့ကို ကူညီအားပေးပြီး ပါရမီဖြည့်ကြပါတယ်။ မဟုတ်ရင်တော့ လူဝတ်ကြောင်တစ်ဦးအနေနဲ့ မလွယ်ကူပါဘူး။

ဂုရုကြီး အိန္ဒိယကို စရောက်တဲ့ အချိန်ကဆိုရင် လူဦးရေ သန်းပေါင်းများစွာ ရှိတဲ့အထဲမှာ သူသိတဲ့လူ၊ သူ့ကိုသိတဲ့လူဆိုလို့ ၁၀၀-လောက်တောင်မရှိပါဘူး။ ဒါပေမယ့်လည်း ၁၀-ရက် တရားပတ်တွေ ကျင်းပပေးတဲ့အခါကျတော့ အုပ်စုအမျိုးမျိုးက အယူဝါဒအမျိုးမျိုးက လူတွေလာကြပြီး တရားဝင်ကြပါတယ်။ သာမန် ပုဂ္ဂိုလ်တွေတောင် မဟုတ်ပါဘူး။ သူတို့ထဲက အကြီးအကဲတွေ၊ ခေါင်းဆောင်ပုဂ္ဂိုလ်ကြီးတွေ၊ ခရစ်ယာန်ဘုန်းကြီး၊ သီလရှင်တွေ၊ ဂျိန်းဘုန်းကြီး၊ သီလရှင်တွေ၊ ဗုဒ္ဓဘာသာဘုန်းကြီး၊ သီလရှင်တွေ၊ ဟိန္ဒူတရားဆရာကြီးတွေလဲ လာကြပါတယ်။

၁၀-ရက်တရားပတ်တွေကို မူစလင်ဗလီတွေ၊ ဟိန္ဒူဘုရားကျောင်း၊ ဂျိန်းဘုရားကျောင်းတွေ၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်း ဗုဒ္ဓဘာသာဝိဟာရတွေမှာလည်း ကျင်းပခဲ့ပါတယ်။ ယောဂီတွေကလဲ အိန္ဒိယကတင် မဟုတ်ပါဘူး။ ကမ္ဘာအရပ်ရပ်မှာရှိတဲ့ တခြားနိုင်ငံတွေကလည်း လာကြပါတယ်။ ကမ္ဘာနိုင်ငံပေါင်း ၈၀-ကျော်က လူတွေ ထောင်ပေါင်းများစွာလာပြီး တရားထိုင်ကြပါတယ်။

ဒါဟာ ဘာကြောင့်ပါလဲ၊ အကြောင်းမရှိဘဲ မဖြစ်နိုင်ပါဘူး။ အကြောင်းတစ်ခုခုတော့ ရှိမှာပါဘဲ။ တဖြည်းဖြည်းနဲ့ အကြောင်းက ရှင်းလင်းလာပါတယ်။ ဒီတရားပတ်တွေကို ယောဂီတွေလာကြတဲ့အခါ လူအသစ်မျက်နှာအသစ်တွေ အများကြီးပဲ ပါပါတယ်။ တရားပတ်စပြီး ၃-၄ရက်လောက် ရှိလာပြီဆိုရင် `ဒီပုဂ္ဂိုလ်ကို ငါသိပါတယ် ရင်းရင်းနှီးနှီးသိခဲ့တဲ့ မိတ်ဆွေတစ်ဦးလို သိခဲ့ရဖူးသလို ခံစားမူတွေ ဖြစ်လာပါတယ်။ အရင်ဘ၀ဟောင်းတွေက တွေ့ခဲ့ဖူး ကြုံခဲ့ဖူးပြီး တရားတွေ အတူတူအားထုတ်ခဲ့ကြတာ ဖြစ်မှာပေါ့။ အခုဘ၀မှာလာပြီး တရားနဲ့ပတ်သက်တော့ တရားရိပ်သာမှာ တွေ့ဆုံဆည်းကြရပြန်ပါတယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment