ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday 20 May 2012

ဂုရုကြီး ဓမ္မဖခင်ကျေးဇူးဆပ်

ဂုရုကြီး အိန္ဒိယရောက်ပြီး ၁-နှစ်ခွဲလောက်ကြာတဲ့ အခါကျတော့ ဗုဒ္ဓဂါယာမြန်မာဘုန်းကြီးကျောင်းမှာ တရားပတ်တစ်ခု ပေးနေတုန်းမှာပဲ ဆရာကြီးဦးဘခင် ကွယ်လွန်အနိစ္စ ရောက်သွားပြီဖြစ်တဲ့အကြောင်း ကြေးနန်းစာတစ်စောင် ဗြုန်းခနဲ မမျှော်လင့်ဘဲ ရောက်ရှိလာပါတယ်။ အင်မတန်တုန်လူပ် ချောက်ချားစရာကောင်းတဲ့ သတင်းပါဘဲ။

ဒါပေမယ့် ဂုရုကြီးဟာ သူ့ဟာသူတရားပတ်ဝင်ပြီး သူ့ဆရာရဲ့ ကျေးဇူးတွေကို ဘယ်လိုဆပ်ရပါ့မလဲလို့ စဉ်းစားပါတယ်။ မွေးမိဘတွေရဲ့ ကျေးဇူးကိုတော့ ဆပ်လို့ပြီးပါပြီ။ ဓမ္မဖခင်ကြီးရဲ့ ကျေးဇူးကို ဆပ်ဖို့ရာ လိုပါသေးတယ်။ ဓမ္မဖခင်ကြီးက ဂုရုကြီးကို လူသစ်၊ ဘ၀သစ်ဖန်တီးပေးတဲ့ ပုဂ္ဂိုလ်ကြီး ဖြစ်ပါတယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment