ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday 27 May 2012

မေတ္တာ စတင် ပွားများ ရမည့်သူ

ပုဂ္ဂိုလ် သတ္တ၀ါအားလုံးတို့ကို မေတ္တာမပွားမီ ရှေးဦးစွာ မိမိကိုယ်ကို မေတ္တာ ပွားရမည်။ မေတ္တာပွားပုံကား -

`ငါသည် ချမ်းသာရပါလို၏၊ ဆင်းရဲကင်းရပါလို၏၊ ပြင်ပရန်ကင်းရပါလို၏၊ စိတ်ဆင်းရဲကင်းရပါလို၏၊ ကိုယ်ဆင်းရဲကင်းရပါလို၏၊ မိမိကိုယ်ကို ချမ်းသာအောင်ရွက်ဆောင်နိုင်ရပါလို၏´ဟူ၍ အဖန်ဖန် မေတ္တာပွားရမည်။

ဤသို့ မိမိကိုယ်ကို စတင်၍ မေတ္တာပွားရခြင်းမှာ အခြားသူတို့ကို မေတ္တာပွားသည့်အခါ မိမိကိုယ်နှင့် နိုင်းစာတတ်ရန် ဖြစ်၏။ `မိမိချမ်းသာချင်သကဲ့သို့ အခြားသတ္တ၀ါတို့လည်း ချမ်းသာချင်ကြပေမည်၊ မိမိအသက်ရှင်ချင်သကဲ့သို့ အခြားသတ္တ၀ါတို့လည်း အသက်ရှင်ချင်ကြပေမည်၊ မိမိအသက်ရှည်ချင်သကဲ့သို့ အခြားသတ္တ၀ါတို့လည်း အသက်ရှည်ချင်ကြပေမည်။ မိမိမသေချင်သကဲ့သို့ အခြားသတ္တ၀ါတို့လည်း သေချင်ကြမည်မဟုတ်ပေ´ဟု မိမိကိုယ်ကို သက်သေထူ၍ (ကိုယ်ချင်းစာ၍) အခြားသတ္တ၀ါတို့အပေါ်၌ စီးပွားချမ်းသာ လိုလားမူ ဖြစ်ပေါ်လာရန် မိမိကိုယ်ကို စတင်၍ မေတ္တာပွားရခြင်း ဖြစ်သည်။ ကိုယ်ချင်းစာစိတ် မွေးမြူ ထူထောင်ရသည်။

မေတ္တာမပွားသင့်သူများ
မေတ္တာ မပွားသင့်သူများမှာ -
၁။ လိင်မတူသူ၊
၂။ သေဆုံးသူ - တို့ဖြစ်ကြသည်။

လိင်မတူသူကို သီးသန့်(သြဓိသ)မေတ္တာပွားလျှင် ရာဂဖြစ်တတ်ပါသည်။ သေဆုံးသွားသူကို မေတ္တာပွားလျှင် ဥပစာရသမာဓိ အပ္ပနာဈာန်သမာဓိများ မရနိုင်၊ ထို့ကြောင့် ထိုပုဂ္ဂိုလ်နှစ်မျိုးကို မေတ္တာမပွားရခြင်းဖြစ်သည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာနမှ ထုတ်ဝေသော ဗုဒ္ဓဘာသာတရားတော်များ(အထက်တန်းအဆင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

No comments:

Post a Comment