ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday 27 May 2012

မေတ္တာ စတင် မပွားသင့်သူများ

ဤနေရာ၌ မေတ္တာဘာဝနာ စတင်၍ မပွားသင့်သည့် ပုဂ္ဂိုလ် (၄)မျိုးကို သိထားသင့်သည်။ ၎င်းတို့မှာ -

၁။ မချစ်မနှစ်သက်သူ၊
၂။ အလွန်ချစ်ခင်ကျွမ်းဝင်သော မိတ်ဆွေ၊
၃။ မမုန်းမချစ် အလယ်အလတ်ဖြစ်သူ၊
၎။ ရန်သူ - တို့ဖြစ်ပေသည်။

မချစ်မနှစ်သက်သူကို ချစ်ခင်သည့်သဘော သက်ဝင်အောင် မေတ္တာပွားရန်မှာ စိတ်ပင်ပန်းတတ်၏၊ အလွန်ချစ်ကျွမ်းဝင်သူကို ချစ်ဘက်မပါ မုန်းဘက်မရောက်အောင် သဘောထားရန်မှာလည်း စိတ်ပင်ပန်းတတ်သည်။ မမုန်း မချစ် အလယ်အလတ် ဖြစ်သူကို အလေးအမြတ်ပြုသည့်သဘော၊ ချစ်ခင်သည့် သဘောထားရန်မှာလည်း စိတ်ပင်ပန်းတတ်၏၊ ရန်သူကို သတိရလျှင်လည်း အမျက်ဒေါသ ဖြစ်ပွားလာတတ်၏။ ထို့ကြောင့် ထိုလေးယောက်ကို စတင်၍ မေတ္တာ မပွားသင့်ချေ။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာနမှ ထုတ်ဝေသော ဗုဒ္ဓဘာသာတရားတော်များ(အထက်တန်းအဆင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

No comments:

Post a Comment