ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday 27 May 2012

မေတ္တာဘာဝနာ အထူးမှတ်ဖွယ်

မေတ္တာပွားများနည်းနှင့် စပ်၍ အထူးမှတ်သားရန်မှာ မေတ္တာပွားရာ၌ ဈာန်ရအောင်ပွားနည်း၊ ဘာဝနာကုသိုလ်ဖြစ်အောင်ပွားနည်းဟူ၍ နှစ်မျိုးရှိသည်။ ပဋိသမ္ဘိဒါမဂ်ပါဠိတော်လာ အရပ်(၁၀)မျက်နှာ ပွားပုံ၊ ၅၂၈-သွယ်ပွားပုံတို့မှာ ဈာန်ရပြီးသော ပုဂ္ဂိုလ်တို့၏ ပွားများပုံများသာ ဖြစ်၏။ ထိုနည်းအတိုင်း မည်သူမဆို ပွားများနိုင်သည်။ သို့သော် ဘာဝနာကုသိုလ်မျှသာ ဖြစ်မည်။ ပွားများစ ပုဂ္ဂိုလ်များအတွက် အာရုံကျယ်ပြော၍ သမာဓိမျှပင် ဖြစ်ရန်မလွယ်၊ ထို့ကြောင့် သေက္ချတောင်ဆရာတော်စသော ဆရာတော်ကြီးများနည်းကို မှီ၍ ဦးစွာ ပုဂ္ဂိုလ်တစ်ဦးတည်းအပေါ်၌ စူးစိုက် ပိုင်နိုင်အောင် ပွားပို့ပြီးမှ အခြားပုဂ္ဂိုလ်(သတ္တ၀ါအာရုံ)သို့ ပြောင်းရွေ့ ပွားများသင့်သည်။

မြတ်စွာဘုရားရှင် ပဉ္စ၀ဂ္ဂီငါးဦးနှင့် နာဠာဂီရိဆင်တို့အား မေတ္တာပွားပို့ပုံကိုပြရာ ဗုဒ္ဓ၀င်နှင့် အပဒါန်အဋ္ဌကထာ၊ ဇာတ်အဋ္ဌကထာတို့၏ အဆိုအမိန့်ကို နည်းမှီ၍ မိမိပွားပို့လိုသူ၏ ပုံပန်းသဏ္ဌာန် ခြေဆုံး ခေါင်းဆုံးမြင်အောင် ထင်အောင် အာရုံပြုလျက် `ချမ်းသာပါစေ၊ ဘေးရန်ကင်းပါစေ´ဟု ထိုမေတ္တာခံ ပုဂ္ဂိုလ်အပေါ်၌ မိမိ၏ မေတ္တာဓာတ်အားများ လွှမ်းခြုံဖိလွှတ်ခြင်းသည် ထူထောင်စ ပုဂ္ဂိုလ်များအတွက် အသင့်မြတ်ဆုံးနည်းဖြစ်၏။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာနမှ ထုတ်ဝေသော ဗုဒ္ဓဘာသာတရားတော်များ(အထက်တန်းအဆင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

No comments:

Post a Comment