ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday, 3 May 2012

ကိုယ်မှာ ပေါ်နေတဲ့ ဝေဒနာကို စိတ်ကသိရှိ

ရုပ်ခန္ဓာက သူ့ချည်းသက်သက်နဲ့ ဝေဒနာကို ခံစားနိုင်တာ မဟုတ်ပါဘူး။ အသက်မရှိတော့ဘဲ ခန္ဓာကိုယ်အသေကောင်းကြီးမှာလည်း ရုပ်ကလာပ်စည်းတွေက ဖြစ်ပျက်ဖြစ်ပျက်နေကြတာပါပဲ။ ဒါပေမယ့် မခံစားနိုင်တော့ပါဘူး။ စိတ်ကမှ မရှိတော့ဘဲကိုး။ စိတ်က အသက်ရှိတဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းနဲ့တွေ့ထိ ဆက်သွယ်မိတဲ့အခါကျတော့ စိတ်က ကိုယ်ပေါ်မှာပေါ်နေတဲ့ ဝေဒနာကို သိရှိခံစားနိုင်တာ ဖြစ်ပါတယ်။


စိတ်အကြောင်းပြောတုန်းက စိတ်မှာ အပိုင်းကြီး ၄-ပိုင်းဖြစ်တဲ့ နာမ်ခန္ဓာ ၄-ပါးဖြစ်တဲ့ ၀ိညာဏ်၊ သညာ၊ ဝေဒနာ၊ သင်္ခါရတို့ရှိကြရမှာ သိရုံမျှသာကို သိမူ၊ အမှတ်ရနေမူ၊ တွေ့ရှိခံစားမူနဲ့ တုံ့ပြန်မူတို့ ဖြစ်ကြပါတယ်။ ခန္ဓာကိုယ်ပေါ်က ဝေဒနာတွေဟာ စိတ်ရဲ့ ထိခိုက်မူတွေဖြစ်တဲ့ ဒုတိယပိုင်းနဲ့ ခံစားကြရခြင်း ဖြစ်ပါတယ်။ ကိုယ်ပေါ်မှာ ပေါ်နေတဲ့ ဝေဒနာကို စိတ်ကသိပြီး ခံစားရတာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ခန္ဓာနဲ့ စိတ်ခန္ဓာ ၂-မျိုးကို ပေါင်းစပ်ထားရတဲ့ ရုပ်နာမ်တရားဆိုတာ ဖြစ်လာပါတယ်။


ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment