ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Saturday, 12 May 2012

တိုက်တွန်းချက်နဲ့ ဆုပေး

ယောဂီတို့ဟာ ယောဂီတို့ရဲ့ အနာဂတ်ရဲ့ အရှင်သခင်တွေ ဖြစ်ကြပါတယ်။ အခုလို တရားထိုင်တဲ့ နည်းအကျင့်ကို ကျင့်သုံးကြပြီး အခုပစ္စုပ္ပန်ရဲ့ အရှင်သခင်ဖြစ်နေရုံသာမက အနာဂတ်ရဲ့အရှင်သခင်လဲ ဖြစ်နိုင်ကြပါတယ်။ ဒီကမ္မဋ္ဌာန်းနည်းကို သေသေချာချာ တိတိကျကျ နားလည်ဖို့ရာလိုပါတယ်။

အခုကျန်ရှိနေသေးတဲ့ အချိန်နဲ့ရရှိတဲ့ အခွင့်အရေးတွေကို အကောင်းဆုံးနည်းနဲ့ အသုံးပြုကြပါ။ တရားထိုင်တာဟာ အမြစ်စွဲသွားအောင် ဆောက်တည်ပေးကြပြီး ကိလေသာတွေ၊ အကုသိုလ်တွေ ကင်းစင်သွားအောင် သန့်ရှင်းရေးလုပ်ပေးကြပါ။ အညစ်အကြေးတွေ စင်ကြယ်စေတဲ့၊ ဆပ်ပြာဖြစ်တဲ့၊ ချေးချွတ်ဆေးဖြစ်တဲ့ ဒီကမ္မဋ္ဌာန်းနည်းကို ကျင့်သုံးပြီး ကိလေသာအညစ်အကြေးတွေကို သန့်ရှင်းရေး ပြုလုပ်ပေးကြပါ။

ယောဂီတို့ဟာ မိမိတို့ရဲ့ ဘ၀တာမှာ ချမ်းသာစွာ အေးငြိမ်းစွာ အဆင်ပြေစွာ နေထိုင်ရေးအတွက် ဖြစ်ပါတယ်။ ယောဂီတွေအားလုံး တရားမှာ ခိုင်မြဲကြပါစေ။ ကိလေသာ အညစ်အကြေးတွေ ကင်းစင်နိုင်ကြပါစေ။ ချမ်းသာခြင်းအစစ်အမှန်၊ ငြိမ်းအေးခြင်း အစစ်အမှန်တွေကို ခံစားနိုင်ကြပါစေ။ သတ္တ၀ါအပေါင်းတို့လည်း ချမ်းသာကြပါစေ။ အေးငြိမ်းကြပါစေ။ သံသရာဝဋ်ဆင်းရဲက လွတ်မြောက်ကြပါစေ ။

ဘ၀တု သဗ္ဗမင်္ဂလံ = ခပ်သိမ်းသော မင်္ဂလာသည် ဖြစ်ပါစေသတည်း။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment