ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday, 6 May 2012

လေ၊ ဇရပ်နဲ့တူတဲ့ဝေဒနာ

ဝေဒနာဟာ ကောင်းကင်ပြင်မှာ ဖြစ်ပေါ်လာတဲ့ လေအမျိုးမျိုးနဲ့ တူပါတယ်။ တောင်လေ၊ မြောက်လေ၊ လေကောင်း၊ လေသန့်၊ လေပုပ်၊ လေဆိုး၊ ပြင်းထန်တဲ့လေ၊ ညင်သာတဲ့လေ အစရှိတဲ့ လေတွေအမျိုးမျိုးတို့ဟာ ဖြစ်ပေါ်လာကြပြီးတော့ ပျောက်ကွယ်သွားကြပါတယ်။ ဘယ်လိုလေမျိုးမှ အမြဲမတည်ပါဘူး။ ဒီလိုပါပဲ ဝေဒနာတွေကလည်း ခန္ဓာကိုယ်ထဲမှာ ဖြစ်ပေါ်ဖြစ်ပေါ်လာကြပြီး ပျောက်ကွယ်ပျောက်ကွယ် သွားကြပါတယ်။

နောက် ဥပမာတစ်ခုကတော့ သာလာယံဇရပ်နဲ့ တူပါတယ်။ နေရာဋ္ဌာနအမျိုးမျိုးက အရပ်ရှစ်မျက်နှာက စရိုက်အမျိုးမျိုး၊ ဘာသာအမျိုးမျိုး လူတွေဟာ ဒီဇရပ်မှာလာပြီး တည်းခိုဖို့ရာ ရောက်လာကြသလိုပါပဲ။ ဒီရောက်လာတဲ့ လူတွေဟာ ဧည့်သည်တွေပါပဲ။ ခဏတည်းခိုပြီးတော့ သူတို့သွားလိုရာကို သွားကြတာပါပဲ။ ဒီဇရပ်မှာ အမြဲနေဖို့ လာကြတာ မဟုတ်ပါဘူး။ ခဏနေပြီး အပန်းဖြေပြီးရင် သူတို့ထွက်ခွာသွားကြတာပါပဲ။

ဒီလိုပါပဲ ခန္ဓာကိုယ်ထဲမှာလည်း ဝေဒနာတွေကလည်း ပေါ်ပေါ်လာကြပြီး ပျောက်ပျောက်သွားကြတာချည်းပဲ။ အမြဲမနေကြပါဘူး။ ပျောက်ကွယ်မသွားဘဲ မနေကြပါဘူး။ ဝေဒနာဟာ စိတ်ရဲ့ အပိုင်းကြီး ၁-ပိုင်းဖြစ်ပေမယ့် ခန္ဓာကိုယ်ပေါ်မှာ ခံစားထိတွေ့မူ ဖြစ်ပါတယ်။ ဒါဟာ ကာယနုပဿနာနဲ့ ဝေဒနာနုပဿနာ ရူခြင်းဖြစ်ပါတယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment