ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday, 6 May 2012

စိတ်ထဲမှာ ပေါ်လာတာကိုရူ

စိတ္တာနုပဿနာ ရူတာကတော့ စိတ်ထဲမှာ ပေါ်လာတဲ့ဟာတွေကို ရူရမှာဖြစ်ပါတယ်။ စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ စိတ်ကူးတွေ အကြံအစည် အတွေးအတောတွေကို ဓမ္မ-လို့ခေါ်ပါတယ်။ ဒါကြောင့် ဓမ္မာနုပဿနာ ရူတယ်လို့ ခေါ်ပါတယ်။ စိတ်ကူးတွေ အတွေးတွေနဲ့ မျောနေဖို့ရာ မဟုတ်ပါဘူး။ ယောဂီတို့ရဲ့ စိတ်ဟာ ဘယ်လိုစိတ်မျိုး ဖြစ်နေတယ်ဆိုတာကို သိရုံလောက်ပါပဲ။

ဥပမာ - ငါ့စိတ်အခုဖြစ်နေတာဟာ ဒေါသစိတ်ပဲ၊ လောဘစိတ်ပဲ၊ တဏှာစိတ်ပဲ၊ ငါ့ရဲ့စိတ်ဟာ ငြိမ်သက်နေတယ်၊ လူပ်ရှားနေတယ်လို့ သိရုံမျှသာ သိရန်ဖြစ်ပါတယ်။ ဒေါသဖြစ်ရတဲ့ အကြောင်းတွေ၊ လောဘဖြစ်ရတဲ့ ကိစ္စတွေ၊ တဏှာဖြစ်စေတဲ့ အပြုအမူတွေ ပုဂ္ဂိုလ်တွေကို လျှောက်တွေးတောနေဖို့ရာ မဟုတ်ပါဘူး။

စိတ္တာနုပဿနာဆိုရင် ဓမ္မနုပဿနာကလည်း ပါပြီးပြီဖြစ်နေပါပြီ။ သဗ္ဗေ ဓမ္မာ ဝေဒနာသမောသရဏ = စိတ်ထဲမှာ ပေါ်လာသမျှတွေဟာ ဘာပဲဖြစ်ဖြစ် ဒေါသဖြစ်ဖြစ် တဏှာဖြစ်ဖြစ် ဘယ်လိုစိတ်မျိုးပဲဖြစ်ဖြစ် ပေါ်လာသမျှတွေဟာ ခန္ဓာကိုယ်ပေါ်မှာ ဝေဒနာအဖြစ်နဲ့ ပေါ်လာကြ ပါတယ်။ ဝေဒနာအဖြစ်နဲ့ ယောဂီက ခံစားရပါတယ်။ ဒါကြောင့် ရုပ်နဲ့နာမ် ခွဲလို့မရပါဘူး။ ကိုယ်နဲ့စိတ်ကို ခွဲလို့မရပါဘူး။ စိတ္တာနုပဿနာ၊ ဓမ္မာနုပဿနာကို ရူနေတယ်ဆိုရင်လဲ ဝေဒနာကိုပဲ အရေးပေးမှာ ဖြစ်ပါတယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment