ဝေဒနာကို သိရှိခံစားပြီးရူမှသာ ရုပ်နာမ်တရားကို လုံးဝအကုန်အစင် သိနားလည်မှာ ဖြစ်ပါတယ်။ ဝေဒနာကိုရူရာမှာလည်း သမ္ပဇဉ်နဲ့ရူဖို့ အရေးကြီးပါတယ်။ သမ္ပဇဉ်ပါမှ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်မှာ ဖြစ်ပါတယ်။ လုံ့လ၀ီရိယအပြည့်နဲ့ ကြိုးစားပမ်းစားအားထုတ်နေတဲ့ ယောဂီဟာ သမ္ပဇဉ်ကိုလည်း တစ်ခဏလေးမှ လက်မလွတ်ဘဲ ဝေဒနာကို ရူတဲ့အခါမှာ အနိစ္စကို ကောင်းကောင်းနားလည်ပြီး ဥပေက္ခာနဲ့ ရူနေဖို့ရာ ဖြစ်ပါတယ်။
အခုယောဂီ နားနေတဲ့အချိန်မှာ ရူခိုင်းတာကလည်း ဒီနည်းအတိုင်းရူကြရမှာ ဖြစ်ပါတယ်။ ဘာလုပ်နေနေ ထိုင်ထိုင် သွားသွား စားစား သောက်သောက ရေချိုးရင်း အ၀တ်လျှော်ရင်း သတိနဲ့သာမက သမ္ပဇဉ်နဲ့လည်း ရူနေဖို့ရာ ဖြစ်ပါတယ်။ ဒီလိုရူနေမယ်ဆိုရင် လက်တွေ့တွေ့ပြီး ဘာဝနာမယဉာဏ်နဲ့ အနိစ္စတွေကို လုံးဝသိနားလည်တဲ့သူဟာ တကယ့်ပညာရှိ ပဏ္ဍိတ ဖြစ်လာပါလိမ့်မယ်။
ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။
ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။
No comments:
Post a Comment