ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday, 6 May 2012

တုံ့ပြန်မူမလုပ်ဘဲ ဥပေက္ခာရူနေရင် ရဟန္တာဖြစ်

ပဇာနာတိဆိုတာကတော့ တရားတစ်ခု အရာဝတ္ထုတစ်ခုကို အစမှအဆုံး အားလုံး ကုန်စင်သိတာ ဖြစ်ပါတယ်။ ဝေဒနာကို ရူတဲ့အခါမှာ သူတို့ဖြစ်ပေါ်လာပုံ၊ ပျောက်ကွယ်သွားပုံကို ရူပြီးတော့ အမြဲမရှိတဲ့ ဝေဒနာတွေကို တပ်မက်နေတာ၊ မလိုမုန်းတီး ဖြစ်နေတာတွေဟာ တုံ့ပြန်မူတွေပဲ။ ဒုက္ခများစေတာတွေပဲ။

ဒါတွေကို ငါတုံ့ပြန်မူမလုပ်ပဲ သူ့သဘောသူဆောင်စေပြီး ဥပေက္ခာစိတ်ပွားနေမယ်ဆိုရင် ငါ့ရဲ့ ဆင်းရဲဒုက္ခတွေဟာ တဖြည်းဖြည်းနဲ့ နည်းနည်းလာပြီးတော့ ပျောက်ကွယ်သွားကြမှာပဲလို့ ဘာဝနာမယအသိဉာဏ်နဲ့ သိနေရင် ကိလေသာတွေ စင်ကြယ်လာမှာ ဖြစ်ပါတယ်။

ဒီလိုဆက်ပြီး တရားရူသွားရင် ယောဂီဟာ နိဗ္ဗာန်ရဲ့ ပထမအဆင့်ဖြစ်တဲ့ စခန်းကို ရောက်ရှိလာပြီး နောက်ဆက်ပြီး တိုးတိုးရူသွားရင် ရုပ်နာမ်တရားတွေကို ကျော်လွန်သွားတဲ့ စခန်းကိုရောက်သွားပြီး ဝေဒနာတွေအားလုံး လုံးဝချုပ်ငြိမ်းပျောက်ကွယ်ကြတဲ့ ဝေဒနာ နိရောဓာ- အဆင့်ကို ရောက်ကြပါလိမ့်မယ်။

ဒီအခါဆိုရင် ယောဂီဟာ ဝေဒနာတွေရဲ့ ဖြစ်မူပျက်မူ ပေါ်လာပြီး ပျောက်ကွယ်သွားတာတွေကို ကောင်းကောင်း ကြီးပဲ သိရှိနားလည်သွားပြီး စိတ်က ဥပေက္ခာဖြစ်လေလေ အညစ်အကြေးတွေက စင်ကြယ်သထက် စင်ကြယ်သွားပြီး နောက်ဆုံး အညစ်အကြေးဆိုလို့ လုံးဝမရှိတော့ဘဲ ကံကြွေးကံဟောင်း ကိလေသာတွေအားလုံး ကုန်စင်သွားတဲ့အဆင့် ရဟန္တာအဆင့်ကို ရောက်ရှိကြပါလိမ့်မယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment