ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday, 6 May 2012

ဘာဝနာမယဉာဏ်နဲ့ သိသူပညာရှိဖြစ်

ဝေဒနာတွေရဲ့ အမှန်တရားကို ဘာဝနာမယဉာဏ်နဲ့ သိတဲ့ ပညာစခန်းကိုရောက်တဲ့ ယောဂီဟာ “ပရိဇာနာတိ ပဏ္ဍိတော”လို့ ဆိုတဲ့အတိုင်း အစမှအဆုံးပိုင်းခြားသိရှိပြီး ကိုယ်တွေ့ သိရှိခံစားရပြီး ဘာဝနာမယဉာဏ်ဖြင့် ပညာစခန်းကို ရောက်ပြီးသူ ပညာရှိပုဂ္ဂိုလ် ဖြစ်ပါတယ်။ စာတတ်ပေတတ် ပညာရှိမျိုး မဟုတ်ပါဘူး။

သော ဝေဒနာပရိညာယ၊ ဒိဋ္ဌေ ဓမ္မေ အနာသဝေါ၊
ကာယဿ ဘေဒါ ဓမ္မဋ္ဌော၊ သင်္ချံ၊ နောပေတိ ဝေဒဂူ။

မျက်မှောက် ဘ၀မှာပဲ အာသ၀တွေ ကုန်ခန်းသွားပြီးနောက် ခန္ဓာကိုယ်ပျက်စီးသွားတဲ့ အခါမှာ တရားကိုမြင်တဲ့ပုဂ္ဂိုလ်၊ တရားမှာတည်ပြီး ပုဂ္ဂိုလ်ဟာ ပုထုဇဉ်သတ္တ၀ါဟူသော အရေအတွက်ကို မရောက်တော့ပါဘူး။ ဒီလိုပုဂ္ဂိုလ်ဟာ ရဟန္တာအဆင့်ကို ရောက်သွားပြီလို့ ဆိုတာပေါ့။

ယောဂီဟာ ကိလေသာတွေ စင်စင်လာပြီး ပထမအဆင့်ဖြစ်တဲ့ သောတာပန်အဖြစ်ကို ရရှိပြီး ဒီအဆင့်ကနေ ကိလေသာတွေ ပိုမိုစင်ကြယ်လာတော့ သကဒါဂါမ်အဆင့်၊ နောက်ပြီးတော့ အနာဂါမ်အဆင့်နဲ့ နောက်ဆုံး အရဟတ္တဖိုလ်ကို ရောက်ကြပြီး ရဟန္တာဖြစ်လာပါတယ်။ ဒိဋ္ဌေဓမ္မေအနာ သဝေါ-ယောဂီဟာ အဆုံးစွန်သော သစ္စာတရားတို့ကို သိရှိခံစားရပြီးတော့ ကိလေသာအညစ်အကြေးတွေ အာသ၀တွေဆိုလို့ မြူမူန်မျှလောက်တောင် မကျန်ရှိတဲ့အဖြစ်ကို ရောက်ရှိပါတယ်။ အရဟတ္တဖိုလ်ဝင် ရဟန္တာအဖြစ် ရောက်ရှိသွားပါတယ်။

သေခြင်းတရားက လွတ်မြောက်ပြီး မသေကို တွေ့ရှိသွားပါတယ်။ အတိုင်းအထွာ အကန့်အသတ် အပိုင်းအခြားရှိတဲ့ အပိုင်းကနေ အတိုင်းအထွာ အကန့်အသတ်အပိုင်းအခြား မရှိတဲ့ အပရိမာဏအဖြစ်ကို ရောက်ရှိသွားပါတယ်။ ဒါကြောင့် ယောဂီတို့ဟာ အစဦးကတည်းက လမ်းစဉ်မှာ အချိန်ပြည့်တစ်ခဏတိုင်း တစ်ခဏတိုင်း သမ္ပဇဉ်နဲ့ အလုပ်လုပ်သွားပြီး နောက်ဆုံးလွတ်မြောက်သည်အထိ ကြိုးစားအားထုတ်ကြဖို့ရာ ဖြစ်ပါတယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment