ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday, 9 May 2012

ဝေဒနာနဲ့ သမ္ပဇဉ် အရေးကြီး

တရားရူရာမှာ ဝေဒနာနဲ့ သမ္ပဇဉ်ဟာ အရေးအင်မတန်ကြီးပါတယ်။ အခုနားချိန်တွေမှာလည်း ခန္ဓာကိုယ်အပိုင်းပိုင်းတွေမှာ ဖြစ်ပျက်နေသမျှဝေဒနာတွေကို သတိနဲ့ရူပါ။ နောက်တရားရင့်ကျက်လာတော့ ခန္ဓာကိုယ်တစ်ခုလုံးပေါ်မှာ ဖြစ်ပျက်သမျှ ဝေဒနာတွေအားလုံးကို တွေ့ထိခံစားကြရပါလိမ့်မယ်။ အထူးသဖြင့် လူပ်ရှားနေတဲ့ အပိုင်းတွေမှာ ဖြစ်ပေါ်လာတဲ့ ဝေဒနာတွေကို ရူဖို့ရာလိုပါတယ်။

ဥပမာ - လမ်းလျှောက်နေရင်း ခြေထောက်မှာ ခံစားရတဲ့ ဝေဒနာ၊ စားသောက်နေရင် လျှာပေါ်မှာ နူတ်ခမ်းပေါ်မှာ ဖြစ်ပျက်နေတဲ့ဝေဒနာ၊ မျိုလိုက်ရင် လည်ချောင်းထဲမှာ ခံစားရတဲ့ ဝေဒနာတွေကို အနိစ္စတရားလို့ သိရှိထားပြီးတော့ ရူနေပါ။ နောက်ပြီးတော့ သမ္ပဇဉ်နဲ့ အာတာပီ အမြဲတမ်းရှိနေပြီး ရူနေဖို့ရာလည်း လိုပါတယ်။ အညစ်အကြေးတွေပါတဲ့ ရွှေကို မီးနဲ့အပူတိုက်ပြီး ချွတ်လိုက်တဲ့အခါ ချေးအညစ်အကြေးတွေ စင်ကြယ်သွားပြီး ရာခိုင်နူန်းအပြည့် ရွှေစင်အတိဖြစ်လာတဲ့ သဘောပါပဲ။

ယောဂီတို့ရဲ့စိတ်ကို သတိဥပေက္ခာ၊ သတိဥပေက္ခာနဲ့ ရူရူလာတော့ နောက်ဆုံး အညစ်အကြေးတွေအားလုံး ကုန်စင်သွားပြီး သန့်ရှင်းလာမှာ ဖြစ်ပါတယ်။ ဒီလိုအဖြစ်မျိုးကို ဒီဘ၀မှာပဲ လမ်းဆုံးပန်းတိုင်ရောက်ပြီး ခံစားနိုင်ကြပါတယ်။ သမ္ပဇဉ်ကို တစ်ခဏလေးတောင်မှ လက်မလွှတ်ကြပါစေနဲ့။ ညအိပ်ရာဝင်ချိန်မှာလည်း မျက်စိမှိတ် လှဲနေတဲ့အခါမှာ ဟိုဘက်ဒီဘက်နေရာပြောင်းတဲ့ အခါမှာ ကိုယ်ထဲမှာ ဖြစ်ပေါ်နေတဲ့ ဝေဒနာတွေကို သတိရှိရှိနဲ့ ခွဲခွဲခြားခြား သိပြီး ရူနေဖို့ရာ ဖြစ်ပါတယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment