အိပ်ရာဝင်ချိန်မှာတော့ ငယ်ထိပ်ကနေ ခြေဖျား၊ ခေါင်းဆုံး၊ ခြေဆုံး အပြန်အလှန် ရူနေဖို့ မလိုပါဘူး။ ကိုယ်ထဲမှာ ဘယ်နေရာမှာပဲဖြစ်ဖြစ် ဝေဒနာပေါ်လာတာကို အနိစ္စ၊ အနိစ္စ၊ အနိစ္စလို့သာ မမြဲတာကို သိနေပြီး သမ္ပဇဉ်နဲ့ရူပါ။ ဒီလိုရူနေရင်း အိပ်ပျော်သွားပြီး နောက်မနက် အိပ်ရာကနိုးတော့ အထူးကြိုးစားမနေရတော့ဘဲ ယောဂီဟာ အနိစ္စဆိုတဲ့ အသိနဲ့ပဲ နိုးလာပါလိမ့်မယ်။ အချိန်မရွေး နေရာမရွေး ဖြစ်ပေါ်နေသမျှ၊ သိရှိခံစားနေရသမျှ ဝေဒနာတွေကို အနိစ္စ၊ အနိစ္စနဲ့ ရူနေရမှာ ဖြစ်ပါတယ်။
ယောဂီတွေ တချို့ကတော့ ညမှာ ကောင်းကောင်းအိပ်မပျော်ကြပါဘူး။ အိပ်လိုက်၊ နိုးလိုက် ဖြစ်နေတတ်ပါတယ်။ ဒါဟာ ကိစ္စမရှိပါဘူး။ ဝေဒနာကိုသာ ရူနေပါ။ အိပ်မောကျဖို့ မလိုပါဘူး။ ယောဂီတွေဟာ အခုလို တရားစခန်းဝင်ကြတဲ့အခါမှာ မရပ်မနား တရားထိုင်ကြတော့ စိတ်ခန္ဓာကို အင်မတန် လေးလေးနက်နက် ခွဲစိတ်နေကြတာ ဖြစ်ပါတယ်။
ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။
ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။
No comments:
Post a Comment