ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday, 9 May 2012

ဥပေက္ခာကျကျနဲ့ ဝေဒနာကို ရူနေရင် စိတ်ငြိမ်သက်

ညမအိပ်နိုင်ရင် အနိစ္စနဲ့သာ သတိရှိနေပြီးနေပါ။ စိတ်မပူပါနဲ့။ မနက်အိပ်ရာထလာရင် လန်းလန်းဆန်းဆန်း ရှိကြပါလိမ့်မယ်။ ဒါပေမယ့် အိပ်မပျော်လို့ စိတ်က ပူပင်သောကဖြစ်ပြီး ငါဘာလို့ အိပ်မပျော်တာပါလဲ။ ၁၁-နာရီထိုးပြီ၊ အိပ်လို့လဲမရဘူး။ နာရီပြန် တစ်ချက် ထိုးနေပြီဆိုပြီး စိတ်ပူနေရင်တော့ မနက်မိုးလင်းလာရင် ယောဂီဟာ လန်းလန်းဆန်းဆန်း မရှိဘဲ နေမကောင်းသလို ဖြစ်နေပါလိမ့်မယ်။


ယောဂီအိပ်မပျော်ပေမယ့် စိတ်က ဥပေက္ခာကျကျနဲ့ ဝေဒနာကို ရူနေရင်တော့ စိတ်ဟာ ငြိမ်သက်မူ အေးချမ်းမူနဲ့ အနားရပြီး ခန္ဓာကိုယ်ကလည်း အိပ်ရာထဲမှာ လဲလျောင်းပြီး အနားရနေတော့ ကိုယ်ရောစိတ်ပါ အနားရကြပြီး အေးချမ်းတော့ အိပ်ရာထမှာ လန်းလန်းဆန်းဆန်း ရှိပြီး နောက်တစ်နေ့ရဲ့ လုပ်ငန်းတာဝန်တွေကို လုပ်ကိုင်ထမ်းဆောင် နေနိုင်မှာဖြစ်ပါတယ်။


အခုလို တရားကျင့်နေတဲ့အခါမှာ ယောဂီတို့ သတိထားရမှာက တစ်ညလုံးပေါက်ထိုင်ပြီး တရားမကျင့်ဖို့ပါပဲ။ ကိုယ်ခန္ဓာရော စိတ်ခန္ဓာရော အနားယူကြဖို့ လိုပါတယ်။ ပင်ပန်းနေတဲ့ ကိုယ်နဲ့ စိတ်ကို အတင်းအကျပ် အနားမပေးဘဲနဲ့ မအိပ်စေရဘူးဆိုရင်တော့ ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။


ခန္ဓာကိုယ်က အနားလိုနေရင် အနားပေးရမှာဖြစ်ပါတယ်။ အိပ်မောကျနေတဲ့ အချိန်ကလွဲရင် ကျန်တဲ့အချိန်တွေမှာတော့ “အာတာပီသမ္ပဇာနော သတိမာ၊ အာတာပီသမ္ပဇာနော သတိမာ” ဝေဒနာတွေကို ကျကျနန ကွဲကွဲပြားပြား ခြားခြားနားနားသိပြီး ပြင်းထန်တဲ့ လုံ့လ၀ီရိယနဲ့ သတိနဲ့ ရူနေဖို့ရာသာ ဖြစ်ပါတယ်။


ဥပေက္ခာမပါဘဲနဲ့ သတိရှိရုံမျှသာ ရှိနေတယ်ဆိုရင်တော့ အကျိုးကျေးဇူးကို ခံစားရမှာ မဟုတ်ပါဘူး။ ဆပ်ကပ်ပွဲထဲက ကြိုးတန်းလျှောက်တဲ့ အမျိုးသမီးလိုပဲ ဖြစ်နေမှာပါ။ သူဟာ သူ့ရဲ့ခြေလှမ်းတိုင်းကို အင်မတန် သတိရှိရှိနဲ့ လှမ်းရပါတယ်။ သတိမရှိရင် သူလိမ့်ကျသွားပြီး အသက်တောင် အန္တရာယ်ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကြိုးတန်းလျှောက်နေတဲ့ အမျိုးသမီးက ဘယ်လောက်ပဲ သတိရှိရှိ အရဟတ္တဖိုလ် မတည်နိုင်ပါဘူး။ ရဟန္တာ မဖြစ်နိုင်ပါဘူး။


ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment