ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday, 9 May 2012

စိတ်ဓါတ်မကျဖို့ အရေးကြီး

ခဲယဉ်းမူတွေကတော့ တွေ့ကြရမှာပဲ၊ စိတ်ဓာတ်မကျဖို့က အရေးကြီးပါတယ်။ ရဲရဲကြီး ရင်ဆိုင်ကြပါ။ မနေ့က ယောဂီတွေကြုံတွေ့ရမယ့် ရန်သူ ၅-ဦးဖြစ်တဲ့ နီဝရဏငါးပါးကို ပြောပြီးပါပြီ။ ရန်သူတစ်ဦးမဟုတ် တစ်ဦးဟာ ယောဂီတို့ကို ဖိစီးနှိပ်စက်ဖို့ ကြိုးစားပါလိမ့်မယ်။
သူတို့ရဲ့ အနိုင်မခံကြပါနဲ့။ ယောဂီတို့က စိတ်ကို ကြပ်ကြပ်တင်းထားပြီး သတိချပ်နေပါ။ သူတို့က အားကောင်းရင် အာနာပါနကို ပြန်ဝင်ပြီးတော့ ၀င်သက်ထွက်သက်ကို ရူပေးပါ။ ပြီးတော့ ဝေဒနာကို ပြန်ရူပါ။ စိတ်မလျော့ပါနဲ့။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment