ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Saturday, 12 May 2012

မိမိစိတ်ကိုနိုင်အောင်လုပ်

လူတွေအနေနဲ့လည်း ဒီလိုပါပဲ၊ သူတို့ကို ကောင်းစေချင်လို့သာ ပုတ်ပေးရတာ ဖြစ်ပါတယ်၊ အန္တရာယ်ဖြစ်အောင်လုပ်တာ မဟုတ်ပါဘူး၊ ပုတ်မဲ့လူကိုယ်တိုင်က ဒေါသစိတ်တွေ၊ မုန်းစိတ်တွေ မကင်းဘူးဆိုရင်တော့ သူကိုယ့်သူ အန္တရာယ်စပေးနေပါပြီ၊ ကိုယ်ကိုယ်တိုင်ကမှ ကိုယ်ကိုယ်ကို အန္တရာယ်ကင်းအောင်မလုပ်နိုင်ပါဘဲနဲ့ ဘဲ့နဲ့လုပ်ပြီး သူများကို အန္တရာယ်ကင်းအောင် လုပ်ပေးနိုင်ပါ့မလဲ။

ဒါ့ကြောင့် ကိုယ့်ကိုယ်ကို အရင်ဆုံးဆုံးမပါ။ စိတ်ကို ငြိမ်သက်အေးချမ်းပြီး ဥပေက္ခာဖြစ်ပြီးနေပါစေ၊ မေတ္တာ၊ ကရုဏာ အပြည့်ရှိပါစေ၊ အကုသိုလ်စိတ်ကင်းပါစေ ပြီးတော့မှ လုပ်ရမဲ့ အလုပ်ကိစ္စကိုလုပ်ပါ။ ဆုံးမစရာရှိတာကို ဆုံးမပေါ့။ ရိုက်သင့်ရင်လဲ ရိုက်ပါ၊ ကိုယ့်စိတ်ကို ထိန်းသိမ်းဖို့ရာ အရေးကြီးပါတယ်။

ပစ္စုပ္ပန်မှာ စိတ်ကို ထိန်းသိမ်းထားနိုင်ရင် အနာဂတ်မှာ အားလုံးကောင်းမွန်စရာ အကြောင်းရှိပါတယ်။ “အတ္တာ ဟိ အတ္တနော နာထော၊ အတ္တာဟိ အတ္တနော ဂတိ” မိမိသာလျှင် မိမိ၏ကိုးကွယ်ရာ အရှင်သခင်ဖြစ်ပါတယ်။ မိမိရဲ့ စိတ်ကို စိုးပိုင်ပြီး ပစ္စုပ္ပန်ကို အုပ်ချုပ်နိုင်ရင် ယောဂီဟာ မိမိရဲ့ဘ၀ကို ဖန်တီးနိုင်တဲ့ မိမိရဲ့ရှေ့ရေးကို စိုးပိုင်နိုင်တဲ့ အရှင်သခင်ဖြစ်ပါတယ်။ နောက်ဆုံးကျတော့ အနာဂတ်ဆိုတာဟာ ပစ္စုပ္ပန်က သက်ရောက်တဲ့ အကျိုးပါပဲ။ ပစ္စုပ္ပန်ကိုပြောင်းလဲပြုပြင်ပေးလိုက်ရင် အနာဂတ်ကလဲ သူ့အလိုလိုပြုပြင်ပြီး ပြောင်းလဲပြီး ဖြစ်နေပါလိမ့်မယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment