ဥပမာတစ်ခု ပြပါမယ်။ ဆရာကြီး ဦးဘခင်ဟာ သူ့ကိုမသိတဲ့ လူတချို့ကတော့ ကဲ့ရဲ့ကြပါလိမ့်မယ်။ ဘယ်လို ကမ္မဋ္ဌာန်းဆရာကြီးပါလိမ့်မလဲ။ စိတ်ကလဲ တိုလိုက်တာ။ စကားပြောတာလဲ အော်လို့ဟစ်လို့ အစရှိသဖြင့်ပေါ့။ ဒါပေမယ့် ဆရာကြီးနဲ့ ရင်းနှီးတဲ့ သူတွေကတော့ အမှန်ကို ကောင်းကောင်းကြီး သိကြပါတယ်။
ဆရာကြီးဟာ အင်မတန် စည်းကမ်းကြီးတဲ့ပုဂ္ဂိုလ်ကြီး ဖြစ်ပါတယ်။ သူခေါင်းဆောင်ပြီးလုပ်တဲ့ အစိုးရရုံးမှာရော တရားစခန်းမှာရော စည်းကမ်းတွေ၊ ဥပဒေတွေ အချိန်ဇယားတွေကို တစ်သဝေမတိမ်း လိုက်နာကြရပါတယ်။
တရားထိုင်ရာမှာ ပေါ့ပေါ့ဆဆလုပ်နေပြီး အပြင်ခဏခဏထွက်နေတဲ့ ယောဂီတွေ့ရင် ပထမတစ်ခါ၊ နှစ်ခါတော့ ကြည့်နေပါသေးတယ်။ “အပေါ့အပါးများ သွားချင်နေသလား”လို့၊ ဒီယောဂီက ခဏခဏထွက်နေမယ်၊ ကောင်းကောင်း ၀ီရိယ မထုတ်ဘူးဆိုရင်တော့ အဲဒီယောဂီ သတိသာထားပေတော့။ အအော်ခံ၊ အဆူခံရတော့မှာပါပဲ။ ဒါပေမယ့် ဒေါသနဲ့ မုန်းထားတဲ့စိတ်နဲ့ အော်ခြင်း၊ ပြောခြင်း၊ ဆူခြင်း မဟုတ်ပါဘူး။ မေတ္တာ ကရုဏာ စေတနာ အပြည့်နဲ့ ဖြစ်ပါတယ်။
ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:
Post a Comment