ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday, 9 May 2012

တိုက်တွန်းချက်နှင့် ဆုပေး

ယောဂီတို့ရဲ့ ဘ၀တစ်သက်တာမှာလည်း ဖြစ်ပျက်သမျှ ကိစ္စအ၀၀ကို ဥပေက္ခာနဲ့ နေနိုင်လာပြီဆိုရင် နည်းနည်းချင်း နည်းနည်းချင်းပဲဖြစ်ဖြစ် ယောဂီတို့ဟာ မှန်ကန်တဲ့ ပညာကို ရရှိလာကြပြီ ဖြစ်ပါတယ်။ ယောဂီတို့ ကိုယ့်ကိုယ်ကို စစ်ဆေး စူးစမ်းကြည့်ကြပါ။ ဒီမိတ်ဆွေငါးဦး ဗလငါးတန်ကို မိမိတို့နဲ့အမြဲ မကင်းမကွာထားပြီး နားလည်မူကလည်း မှန်ကန်မယ်ဆိုရင်တော့ ယောဂီတို့ကို ဘယ်ရန်သူကမှ မနှောက်ယှက်နိုင်ပါဘူး။ ရန်မပြုနိုင်ပါဘူး။

ယောဂီတို့ဟာ ဓမ္မလမ်းကြောင်း၊ မဂ္ဂင်လမ်းကြောင်းပေါ်မှာ လျှောက်ကြတဲ့အခါ ခရီးမှာ အစစအရာရာ တိုးတက်မူရှိကြပြီး လမ်းဆုံးပန်းတိုင်ကို ရောက်သည့်တိုင်အောင် အောင်မြင်ကြမှာပါပဲ။ ကျန်ရှိနေတဲ့ အချိန်တွေနဲ့ ရရှိနေတဲ့ အခွင့်အရေးတွေကို အကောင်းဆုံးအသုံးပြုကြပါ။ ဒီအင်မတန်ထူးမြတ်တဲ့ တရားဓမ္မ အင်မတန်အံဖွယ်ရာဖြစ်တဲ့ ကမ္မဋ္ဌာန်းနည်းကိုသုံးပြီးတော့ ဆင်းရဲဒုက္ခအပေါင်းက လွတ်မြောက်ကြပြီး တကယ့်သုခချမ်းသာ၊ တကယ့်ငြိမ်းချမ်းရေးရအောင် ကြိုးစားကြပါ။ ယောဂီအားလုံး ကာယသုခု၊ စိတ္တသုခ၊ နှစ်ပါးလုံးနဲ့ မြဲကြပါစေ။

ဘ၀တုသဗ္ဗမင်္ဂလံ = ခပ်သိမ်းသောမင်္ဂလာသည်ဖြစ်ပါစေသတည်း။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment