ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday, 9 May 2012

အမွေခွဲယူကြတဲ့ ညီအစ်ကို ၂-ယောက်

ပုံကလေးတစ်ပုံ ပြောပြပါဦးမယ်။ အင်မတန်ချမ်းသာကြွယ်ဝတဲ့ သူဋ္ဌေးကြီးတစ်ဦး သေဆုံးသွားတော့ ကျန်ရစ်ခဲ့တဲံ သား ၂-ယောက်က အမွေတွေကို ခွဲကြပြီး နှစ်ဦး ညီတူ ညီမျှ ဝေခွဲယူကြပါတယ်။ အားလုံးကိစ္စတွေပြီးတော့ အထုပ်ကလေးတစ်ထုပ်ကို တွေ့လို့ ဖွင့်ကြည့်လိုက်တော့ လက်စွပ် ၂-ကွင်းတွေ့ရပါတယ်။

တစ်ကွင်းက အဖိုးတန်တဲ့ စိန်လက်စွပ်ဖြစ်နေပြီး နောက်တစ်တစ်ကွင်းကတော့ ရိုးရိုးငွေလက်စွပ်ပဲ ဖြစ်ပါတယ်။ စိန်လက်စွပ်ကိုမြင်တော့ အစ်ကိုလုပ်သူက လောဘစိတ်တွေဖြစ်ပြီး ညီငယ်ကို ပြောပါတယ်။ ဒီဟာကြည့်ရတာ ဘိုးဘွားစဉ်လာက ပစ္စည်းနဲ့တူတယ်၊ အဖေ့လက်ထက်ပွား မဟုတ်တန်ရဘူး။ ဘိုးဘွားစဉ်လာ ပစ္စည်းဆိုတော့ နောင်လည်း ဆက်လက်ထားနိုင်အောင် အစ်ကိုသိမ်းထားမှဖြစ်မယ်။ ဒီတော့ မင်းက ငွေလက်စွပ်ပဲယူပါ။

ညီက တရားသမား၊ လောဘလဲမရှိပါဘူး။ ကျေကျေနပ်နပ်နဲပပဲ သဘောတူလိုက်ပါတယ်။ ဒီလိုနဲ့ ညီအစ်ကို ၂-ယောက် သူတို့အိမ်ထောင်နဲ့၊ သူတို့စီးပွားနဲ့ တစ်အိုးစီ နေကြပါတယ်။

အစ်ကိုဖြစ်သူလောဘသမားကတော့ စိတ်တွင်းမှာ မရှင်းပါဘူး၊ အကုသိုလ်တွေလည်း အမြဲဖြစ်နေပါတယ်။ စီးပွားတွေက တိုးတက်တဲ့အခါမှာဆိုရင် စိတ်ကလည်း တက်ကြွပျော် ရွှင်နေပြီး တပြုံးပြုံးနဲ့ ရှိနေခဲ့ပါတယ်။ အစစအရာရာအဆင်ပြေလို့၊ စီးပွားတွေကလည်း ဆုတ်ယုတ်တယ်ဆိုပြန်တော့ စိတ်ဆင်းရဲမူတွေဖြစ်ပြီး စိတ်ဓာတ်တွေကျပြီး မအိပ်နိုင် မစားနိုင်ဖြစ်ရပါတယ်။ ကျမ္မာရေးထိခိုက်လာတော့ ဆရာဝန်တွေဆီသွားပြီး စိတ်ဓာတ်ဆေးတွေကိုလည်း စားရပါတယ်။ ဒါနဲ့လည်းမရ။ ဒီတော့ စိတ္တဇ ဆရာဝန်နဲ့တွေ့ပြီး ဆေးကုရပါတယ်။ စားဆေးနဲ့ကုလို့မရတော့ ဓာတ်လိုက်ခံရတဲ့ နည်းနဲ့တောင် ကုယူရပါတယ်။

ညီဖြစ်သူတရားသမားကတော့ ရတာနဲ့ပဲ ရောင့်ရဲတယ်။ စိတ်အေးချမ်းသာစွာနဲ့လည်း နေတတ်တယ်။ အကုသိုလ်အမူတွေကိုလည်း မလုပ်ပါဘူး။ သူရထားတဲ့ ငွေလက်စွပ်ဟာ အဖိုးမတန်ဘဲနဲ့ အဖေဖြစ်သူက ဂရုတစိုက်သိမ်းဆည်းထားတာဟာ ဘာအကြောင်းကြောင့်ပါလိမ့်မလဲ အကြောင်းတော့ရှိရမှာပဲဆိုပြီး လက်စွပ်ကို သေချာကြည့်တော့ လက်စွပ် ရဲ့အတွင်းမှာ စာတမ်းထိုးထားတာကို တွေ့ရပါတယ်။

ဖတ်ကြည့်လိုက်တော့ “ဣဒံပိ အနိစ္စမေ၀” = ဒါဟာလည်း မမြဲပါဘူးတဲ့။ အားလုံးဟာ မမြဲတဲ့ အနိစ္စတရားတွေပါပဲ ပြောင်းလဲနေဦးမှာပါပဲလို့ ဆိုလိုတာပေါ့။ ဒီတော့သူက ဒါဟာ အဖေက ဆုံးမသြ၀ါဒပေးခဲ့တာပဲလို့ ယူဆပြီးတော့ သူ့ဘ၀မှာ လောကဓံတရားအရ ဖြစ်ပျက်နေတာတွေကို အနိစ္စတရားနဲ့ပဲ လက်ခံခဲ့ပါတယ်။ ဥစ္စာပစ္စည်းတွေ တိုးပွားတဲ့အခါ၊ အစစအရာရာ အစဉ်ပြေနေတဲ့ အခါကျတော့လည်း အလွန်အကျူးပျော်ရွှင်မူတွေ မဖြစ်ပါဘူး။ စီးပွားရေး ကျဆင်းတဲ့အခါ ကိစ္စအ၀၀ အဆင်မပြေတဲ့အခါကျတော့လဲ သိပ်ပြီး စိတ်ဆင်းရဲမူ မဖြစ်ပါဘူး။ ဘာပဲဖြစ်ဖြစ် ဖြစ်သမျှတွေဟာ အနိစ္စတွေပဲ အမြဲဖြစ်နေကြမှာမှ မဟုတ်ဘဲ သူလဲပြောင်းလဲဦးမှာပဲလို့ စိတ်ကိုမျှတစွာထားပြီးတော့ ဥပေက္ခာနဲ့ နေခဲ့ပါတယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment