ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday, 10 May 2012

ကိုယ်စိတ်ပေါ့ပါးလာတာ မဂ်၊ ဖိုလ်၊ နိဗ္ဗာန်မဟုတ်

အဲဒီအခါကျတော့ ယောဂီရဲ့ အတွင်းအဇ္ဈတ္တမှာရှိတဲ့ ကိလေသာအညစ်အကြေးတွေ တော်တော်လေး ကုန်စင်သွားကြပြီဖြစ်လို့ ကိုယ်ရောစိတ်ပါ ပေါ့ပါးလာပါတယ်။ ဒီလို အဆင့်ဉာဏ်ကို ရောက်တဲ့အခါကျတော့ ယောဂီတို့မှာ အင်မတန် သတိထားရပါတယ်။ ဒါဟာ နိဗ္ဗာန်မဟုတ်သေးပါဘူး။ မဂ်ဉာဏ် ဖိုလ်ဉာဏ်လဲ မဟုတ်သေးပါဘူး။ ရုပ်နာမ်တရားထဲမှာပဲ ရှိနေပါသေးတယ်။





ရုပ်နာမ်ထဲက မလွန်မြောက်သေးပါဘူး။ ရုပ်မှာရော၊ နာမ်မှာရော ဖြစ်ပျက်နေကြတာတွေဟာ တဖွားဖွားနဲ့ မိနစ်မစဲ စက္ကန့်မစဲ မရပ်မနား ရှိန်ရှိန်သုတ်သုတ် လူပ်လူပ်ရွရွ တသဲသဲ ပြိုကွဲပျက်စီး လောင်ကျွမ်းပျက်စီး ချုပ်ငြိမ်းပျက်စီး နေတာတွေကို ဘာဝနာမယဉာဏ်နဲ့ သိရှိခံစားပြီး ဥပေက္ခာနဲ့ ရူနေရင် ဉာဏ်စဉ်ဟာတက်လာပြီး တရားလမ်းကြောင်းပေါ်မှာ တိုးတက်မူတွေ ရှိလာပါလိမ့်မယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment