ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday, 11 May 2012

ဘင်္ဂဉာဏ်အဆင့်ရောက်

ဒီလိုဆိုရင်တော့ ယောဂီတို့ဟာ လမ်းစဉ်မှာ တိုးတက်မူရှိကြပါလိမ့်မယ်။ ရုပ်နာမ် အစုအားလုံးမှာ အစိုင်အခဲရယ်လို့ ဘာမှမရှိကြတော့ဘဲ ဖြစ်ပျက်တွေဟာ အထူးနူးညံ့သိမ်မွေ့ပြီး မြန်လွန်းအားကြီးတော့ လျှပ်စီးလက်သလိုဖြစ်ပြီး ဖြစ်အစွန်း၊ ပျက်အစွန်း ၂-ပါးစလုံး မထင်ရတော့ဘဲ အပျက်ကြီးပဲလို့ ထင်ရတတ်ပါတယ်။ ဒါဟာ ဘင်္ဂဉာဏ်အဆင့် ဖြစ်ပါတယ်။





ဘင်္ဂဉာဏ်ကို ရောက်ပြီးတဲ့အခါ ကြမ်းတမ်းဝေဒနာတွေကုန်ပြီ၊ ဘယ်တော့မှ နောက်ထပ်မပေါ်လာတော့ဘူး၊ မခံစားရတော့ဘူးလို့တော့ မထင်လိုက်ကြပါနဲ့။ ဒီအဆင့်ရောက်ပြီးမှလည်း အင်မတန် အတွင်းနက်နက်မှာရှိတဲ့ အနုသယကိလေသာတွေ စိတ်ရဲ့ အပ်ါပိုင်းကို တက်လာကြပြီး ကြမ်းတမ်းတဲ့ဝေဒနာ အစိုင်အခဲအဖြစ်နဲ့ ထင်ရှားလာကြပါတယ်။ ဒီလိုဖြစ်တဲ့အခါမှာ ယောဂီတို့ စိတ်ဓာတ်မကျကြပါနဲ့။ လမ်းစဉ်မှာ ရှေ့မတိုးတဲ့အပြင် နောက်ပြန်ရောက်သွားပြီလို့လည်း မထင်ကြပါနဲ့။ နောက်ဆုတ်တာ မဟုတ်ပါဘူး။

အမှန်မှာတော့ လမ်းစဉ်မှာ ရှေ့တိုးနေတာပဲ ဖြစ်ပါတယ်။ အင်မတန် အမြစ်နက်တဲ့ သင်္ခါရတွေ၊ အစွဲတွေ၊ ကိလေသာတွေ လက်ကျန်တွေဟာ အပေါ်ကို ပေါ်တက်လာကြတာ ဖြစ်ပါတယ်။ ဘင်္ဂဉာဏ်အဆင့်ရောက်ပြီး ယောဂီဟာ ခံစားရသမျှဝေဒနာတွေကို ဥပေက္ခာနဲ့ အနိစ္စရူနေရင်တော့ အနုသယကိလေသာတွေ ကင်းကင်းသွားကြပြီး သန့်သထက် သန့်လာပြီး တရားကို ဆက်လက်ကျင့်သွားမယ်ဆိုရင်တော့ လမ်းဆုံးပန်းတိုင်ကိုရောက်ပြီး အဆုံးစွန်သော သန့်ရှင်းခြင်း လွတ်မြောက်ခြင်းတို့ကို ရကြပါလိမ့်မယ်။

အမတဆိုတဲ့ သေခြင်းကင်းရာ အမြိုက်နိဗ္ဗာန်ကို ရောက်ရှိကြပါလိမ့်မယ်။ ဖြစ်ပျက် ဖြစ်ပျက် သေခြင်းတရားကို ကျော်လွန်ပြီး မသေကိုရောက်ကြပါလိမ့်မယ်။ အကန့်အသတ် အတိုင်းအထွာကို ကျော်လွန်ပြီး အတိုင်းမသိ အကန့်အသတ်မရှိတဲ့ အနဂ္ဃကိုရောက်ပါလိမ့်မယ်။ ဒါဟာပြောပြလို့ မဖြစ်နိုင်တဲ့ တရား ကိုယ်တိုင်ခံစားပြီးမှ သိနိုင်တဲ့တရား ဖြစ်ပါတယ်။ လိုချင်တောင့်တနေရင်တော့ ဘယ်တော့မှ မရနိုင်ပါဘူး။ စိတ်ကူးနေလို့လဲ မရနိုင်ပါဘူး။ ပစ္စုပ္ပန်တည့်တည့်မှာ နေပြီး တုံ့ပြန်မူမလုပ်ဘဲနဲ့ တရားကိုရူနေရင်တော့ တရားက သူ့အလို သူ့သဘော သူဆောင်ပြီး သူ့ရဲ့ အကျိုးကျေးဇူးဖြစ်တဲ့ အသီးတွေ သီးပေးပါလိမ့်မယ်။ တရားဟာ ဒီလိုပါပဲ။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment