ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday, 11 May 2012

သဘာဝကို ဘာဝနာမယဉာဏ်နဲ့သိ

ဓမ္မဆိုတာက သဘာဝရဲ့တရား တရားရဲ့သဘာဝဖြစ်ပါတယ်။ ၀ိပဿနာ ယောဂီဟာ ဒီသဘာဝရဲ့တရား တရားရဲ့သဘာဝကို ဘာဝနာမယဉာဏ်နဲ့ သိဖို့ရာဖြစ်ပါတယ်။ တရားရဲ့ သဘာဝမှာ -
အနိစ္စာ ၀တ သင်္ခါရာ၊ ဥပ္ပါဒ၀ယဓမ္မိနော။
ဥပ္ပဇ္ဇိတွာ နိရုဇ္ဈန္တိ၊ တေသံ ၀ူပသမော သုခေါ။





ခပ်သိမ်းကုန်သော ရုပ်နာမ်ဓမ္မသင်္ခါရတို့သည် ဧကန်စင်စစ် ဖြစ်ခြင်းပျက်ခြင်း သဘော ရှိကုန်၏။ ထိုသင်္ခါရတရားများ လုံးဝကင်းစင်သည်ရှိသော် ခံစားရသော သန္တိသုခသည် နိဗ္ဗာန်၏ အထူး အေးငြိမ်းချမ်းသာခြင်းဖြစ်၏။ အနိစ္စာဝတသင်္ခါရာ = သင်္ခါရတွေအားလုံးဟာ အမြဲမရှိကြတဲ့ အနိစ္စတွေချည်းပါပဲ။ ဥပ္ပါဒ၀ယဓမ္မိနော = ဖြစ်လိုက်ပျက်လိုက် ဖြစ်လိုက်ပျက်လိုက်၊ ဒီဟာလည်း သဘာဝတရားပါပဲ အမှန်တရားပါပဲ။ သင်္ခါရတွေဖြစ်ပြီးပျက်၊ ဖြစ်ပြီးပျက်နေတာကို ယောဂီကတုန့်ပြန်မူ ဘာမှမလုပ်ဘဲနဲ့ ရူနေရုံမျှသာ ရူနေလိုက်ရင် နိရုဇ္ဈန္တိ= သူတို့တွေ ချုပ်ငြိမ်း ချုပ်ငြိမ်းသွားကြပါတယ်။

ဒီလိုဆက်ပြီး ရူရူသွားရင် အတွင်းနက်နက်က ဘ၀ဘ၀ဟောင်းတွေက စုပေါင်းသယ်ဆောင်လာခဲ့တဲ့ ကံကြွေးကံဟောင်းတွေ အကုသိုလ်တွေ သင်္ခါရဟောင်းတွေက စိတ်ရဲ့အပေါ်ကို တက်လာကြပါလိမ့်မယ်။ သူတို့ကိုလည်း ယောဂီတို့က ဥပေက္ခာနဲ့ ဆက်ပြီးရူနေရင် သူတို့တွေလည်း ချုပ်ငြိမ်းချုပ်ငြိမ်း သွားကြပါလိမ့်မယ်။ ဆင်းရဲဒုက္ခတွေက ကင်းလွတ်ကြပြီး အေးငြိမ်းခြင်းကို ရကြပြီး နိဗ္ဗာန်ချမ်းသာကို ခံစားကြရပါလိမ့်မယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment