ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday, 11 May 2012

ပစ္စုပ္ပန်တည့်တည့်ကိုသာ ဥပေက္ခာနဲ့ ရူနေ

ပစ္စုပ္ပန်တည့်တည့်ကိုသာ ဥပေက္ခာနဲ့ သတိရှိပြီး ရူနေပါ။ စိတ်ရဲ့ အနက်ရိုင်းဆုံး အပိုင်းကို သတိနဲ့ရူနေပါ။ စိတ်ရဲ့ အပေါ်ပိုင်းမှာပဲ ရူနေရင်တော့ တကယ့်အကျိုးကျေးဇူး မသက်ရောက်နိုင်သေးပါဘူး။ ကမ္မဋ္ဌာန်းနည်းတွေဟာ အမျိုးမျိုးရှိကြပါတယ်။ တချို့ကတော့ စိတ်ရဲ့ အပေါ်ယံအပိုင်းကိုပဲ တွေ့ထိပြီးတော့ အပေါ်ယံမျက်နှာပြင်ပိုင်း လောက်သာ ကောင်းကျိုးပေးပြီး စိတ်ကို ချမ်းသာစေနိုင် ပါတယ်။ အေးငြိမ်းစေနိုင်ပါတယ်။ သန့်ရှင်းသင့်သလောက်လဲ သန့်ရှင်းစေနိုင်ပါတယ်။





ဒါပေမယ့် ဒီဟာညစ်ပတ်နေတဲ့ ရေနောက်ထဲကို ကျောက်ချဉ်မူန့်များ ဖြူးလိုက်သလိုပါပဲ။ အမူန့်တွေ၊ အညစ်တွေ၊ အနည်တွေထိုင်သွားကြပြီး ရေဟာ အင်မတန် ကြည်လင်လာပါတယ်။ အညစ်အကြေးတွေ၊ အမူန့်တွေ လုံးဝကင်းစင်သွားတာတော့ မဟုတ်ပါဘူး။ အောက်မှာသွားပြီး အနည်ထိုင်နေကြတာဆိုတော့ လူပ်လိုက်ရင် အချိန်မရွေး ရေဟာပြန်ပြီး ညစ်ပတ်လာနိုင်ပါတယ်။ အမူန်ထလာနိုင်ပါတယ်။ ပြန်ပြီးတော့ ရေဟာ နောက်လာနိုင်ပါတယ်။

အနည်တွေ၊ အမူန်တွေ၊ အညစ်အကြေးတွေ အားလုံးကုန်စင်အောင်ဆိုရင်တော့ အနက်ဆုံးအပိုင်းကို သန့်ရှင်းရေးလုပ်ရမှာ ဖြစ်ပါတယ်။ စိတ်မှာလည်း ဒီလိုပဲ၊ စိတ်ရဲ့ အနက်ရိုင်းဆုံးအပိုင်းဟာ ခန္ဓာကိုယ်နဲ့ ဝေဒနာနဲ့ အမြဲပဲ ဆက်သွယ်နေပြီး ဝေဒနာတွေကို တုံ့ပြန်နေရပါတယ်။ ဒီဝေဒနာတွေကို ဥပေက္ခာနဲ့ ရူနေရင်တော့ အနုသယကိလေသာတွေဟာ နည်းနည်းလာပြီး နောက်ဆုံးမှာ ယောဂီတို့ဟာ လုံးဝလွတ်မြောက် လာနိုင်ပါတယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment