ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday, 11 May 2012

ညောင်စေ့ပမာကုသိုလ်၊ အကုသိုလ်သင်္ခါရ

ဒီကမ္မဋ္ဌာန်းနည်းနဲ့ ဝေဒနာတွေ ဘယ်လိုပွားတယ်ဆိုတာကို သိနိုင်ပါတယ်။ ပြင်ပလောကကြီးထဲမှာဆိုရင် မျိုးစေ့တွေ အသီးတွေ ဘယ်လိုပွားများကြတယ်ဆိုတာဟာ ထင်ရှားပါတယ်။ အပြင်လောကမှာလိုဘဲ ယောဂီတို့ရဲ့ အတွင်းလောကဖြစ်တဲ့ ခန္ဓာကိုယ်အတွင်းမှာလည်း ထပ်တူတူညီတဲ့ အမှန်တရားရှိပါတယ်။ အပြင်လောကရဲ့ တရားဟာ အတွင်းလောကမှာလည်း ဒီအတိုင်းပါပဲ၊ ဒီတရားပါပဲ။





အပြင်လောကမှာ ယောဂီက ညောင်စေ့ကလေးတစ်စေ့ကို ယူပြီး ညောင်ပင်တစ်ပင် စိုက်လိုက်တယ်ဆိုပါတော့၊ ညောင်စေ့ကလေး သေးသေးငယ်ငယ်ကလေးကနေပြီး ညောင်ပင်ကြီး အကြီးကြီးပေါက်ဖွားလာပါတယ်။ ဒီညောင်ပင်ကြီးက အသီးတွေ အသီးတွေ ထောင်ပေါင်းများစွာ သီးပါတယ်။ ညောင်ပင်ဆိုတာ အသက်ကလည်း အင်မတန်ရှည်ပါတယ်။ တစ်ချို့မှာ အသက်ရာကျော်နေကြပါတယ်။

ဒါပေမယ့် ဘယ်လောက်ပဲ အသက်ရှည်ရှည် တစ်နေ့ကြတော့ အိုမင်းပြီး ပြိုလဲပြီး သေရမှာဘဲ ဖြစ်ပါတယ်။ ညောင်စေ့ကလေး တစ်စေ့ကနေပြီး သစ်ပင်ကြီးဖြစ်လာတော့ ညောင်သီးတွေ ညောင်သီးတွေ မရေတွက်နိုင်လောက်အောင် တစ်နှစ်ပြီးတစ်နှစ် တစ်နှစ်ပြီးတစ်နှစ် နှစ်ပေါင်းများစွာ သီးလိုက်တာ ညောင်ပင်ကြီး သေသွားတော့ ဒီလိုပွားများနေတာတွေဟာ ရပ်စဲသွားပြီလို့ ယူဆကြမှာပါပဲ။

အမှန်မှာကတော့ ပွားနေတာ ရပ်စဲမသွားပါဘူး။ ပင်မကြီးသေသွားရင်တောင်မှ ဆက်လက်ပြီး ပေါက်ပွားနေကြတာပါပဲ။ ညောင်စေ့ကလေးတစ်စေ့ကနေပြီး ညောင်ပင်ပေါက်လာပြီးတော့ အဲဒီအပင်က တစ်ခါပြန်ပြီး အသီးတွေ သီးကြပြန်ပါတယ်။ သီးသမျှ အသီးမှာလည်း အစေ့ပါပါတယ်။ ဒီအစေ့တွေက တစ်ခါညောင်ပင် ပြန်ပေါက်လာကြပါလိမ့်ဦးမယ်။ ဒီလိုနဲ့ ပေါက်ဖွားမူဟာ အဆုံးမသက်နိုင်တော့ပါဘူး။ ဒီအတိုင်းပါပဲ အမြင်မှန် မသိမူကြောင့် ယောဂီတို့က ကုသိုလ်၊ အကုသိုလ်၊ သင်္ခါရတွေ တစ်ခုခုကို စိုက်ပျိုးလိုက်မိရင် သင်္ခါရတွေကလည်း ဆက်ဆက်ပြီး ပွားသထက်ပွားနေကြပါတယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment