ဒီတော့ ဘယ်နှယ်လုပ်ကြရပါ့မလဲ။ နည်းကောင်းတစ်ခုကတော့ ရှိပါတယ်။ သဘာဝဓမ္မနည်းပါပဲ။ မျိုးစေ့တွေဟာ အပင်ပေါက်လာနိုင်အောင်လို့ မြေသြဇာကောင်းကောင်း လိုပါတယ်။ ဒီမျိုးစေ့ဟာ မြေပ်ါမှာ မကျဘဲနဲ့ ကျောက်ပေါ်မှာ သွားပြီးကျတယ်ဆိုရင် အပင်မပေါက်နိုင်ပါဘူး။
သင်္ခါရတွေစိုက်တဲ့နေရာမှာလဲ ဒီလိုပါဘဲ။ မြေသြဇာတွေလိုပါတယ်။ မြေသြဇာတွေ ပေးလေလေ၊ အပင်ပိုပြီး ကြီးထွားလေလေ၊ အသီးတွေပိုပြီး သီးလေလေ၊ နောက်ထပ်မျိုးစေ့ အသစ်တွေ ပိုပြီးပွားလေလေ ဖြစ်ပါတယ်။
ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:
Post a Comment