ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday, 11 May 2012

သင်္ခါရ မီးစ

ဥပမာ - ဓာတ်ဆီပုံးတစ်ပုံးထဲကို မီးစကလေးလာကျရင် ပေါက်ကွဲမူကြီး အကြီးအကျယ် ဖြစ်ပါတယ်။ ဒီလိုပေါက်ကွဲမူကြီး ဖြစ်ရတဲ့အခါ မီးစအသစ်တွေ ထောင်ပေါင်းများစွာ ထပ်ပြီးပွားလာပါတယ်။ မီးစကလေးက ယောဂီတို့ရဲ့ သင်္ခါရဟောင်းရဲ့ မျိုးစေ့ကလေးပါ။ ဒီတော့ တရားကို နားလည်လာပြီဆိုရင် မီးကို နောက်ထပ် ပိုပြီးလောင်အောင် ဓာတ်ဆီ လောင်းမပေးတော့ပါဘူး။ မီးစတွေက နောက်ထပ်လောင်စရာ ဓာတ်ဆီမရတော့ပါဘူး ဆိုတော့ နောက်ထပ်ဆက်ပြီး မလောင်နိုငတော့ပါဘူး။ မီးငြိမ်းသွားရတော့တာပေါ့။





ဓာတ်ဆီပုံးထဲမှာ ဓာတ်ဆီတစ်စက်မှ မရှိတော့ဘူးဆိုရင်တောင် ဒီပုံးလွတ်ထဲကို မီးစကျလာရင်တောင်မှ သူ့ပင်ကိုယ်က ပါလာရင်း မီးတောက်ကလေး ကုန်အောင်လောင်ပြီးရင် မီးငြိမ်းသွားမှာပေါ့။ မီးနောက်ထပ်ထပ်ပြီး ပွားပြီးလောင်ဖို့ မဖြစ်နိုင်တော့ပါဘူး။ လူတွေမှာလဲ အတိတ်ကာလ ဘ၀ဘ၀တွေက ပြုလုပ်ခဲ့တဲ့၊ ပါလာခဲ့တဲ့ သင်္ခါရတွေဟာ မီးစတွေလိုပါဘဲ။ အကျိုးပေးမယ့် အချိန်ကျတော့ လောင်စာနဲ့တွေ့သွားရင် လောင်တာပေါ့။ မီးတွေ နောက်ထပ်ပွားတော့တာပဲ ဖြစ်ပါတယ်။

ယောဂီတို့က ပညာသိက္ခာမှာ ရင့်ကျက်လာပြီဆိုရင်တော့ စိတ်ဓာတ်ဟာ သန့်စင်လာပြီး ကုသိုလ်စိတ်တွေ ပွားများလာကြပါတယ်။ ဒီလိုဖြစ်လာတဲ့အခါကျတော့ ဓာတ်ဆီပုံးဟာ ဓာတ်ဆီတွေ မရှိတော့ဘဲ အေးမြတဲ့ရေနဲ့ ပြည့်နေသလို ဖြစ်နေပါတယ်။ မီးစနဲ့လာတွေ့ထိမိရင်တောင်မှ မီးမပွားတော့ဘဲလာတဲ့ မီးစတောင်မှ ချက်ချင်း အေးငြိမ်းသွားပါတယ်။

ကုသိုလ်ကံဟောင်း၊ သင်္ခါရဟောင်းတွေကလည်း အချိန်သင့်သလို ပေါ်လာတဲ့အခါမှာ လောင်စာမပေးရင် သူတို့အလိုလို ငြိမ်းအေးသွားကြပါတယ်။ ဆက်လက်ပြီး မပွားကြတော့ပါဘူး။ မီးလောင်ရာမှာ ဓာတ်ဆီလောင်းမပေးရဘူးဆိုတာ အများနားလည် လက်ခံကြပါတယ်။ ဦးနှောက်အသိဉာဏ်နဲ့တော့ လက်ခံနိုင်ကြပါတယ်။ ဒါပေမယ့် တကယ်ဖြစ်လာတဲ့အခါကျတော့ လက်တွေ့မှာ သတိမရှိကြတော့ပါဘူး။

တစ်ဦးတစ်ယောက်က ကိုယ့်ကို မီးရို့ဖို့လာရင် ကိုယ်က ဓာတ်ဆီပါတဲ့ ဓာတ်ဆီပုံးယူပြီး သူ့ကိုလောင်းပါတယ်။ သူလဲလောင်၊ ကိုယ်လဲလောင်၊ နှစ်ဦးစလုံးပူပင်သောကတွေ၊ ဒုက္ခတွေ၊ ရောက်ကြရပါတယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment