ယောဂီက ခန္ဓာကိုယ်ပေါ်မှာရော စိတ်ထဲမှာရော ပေါ်လာသမျှတွေကို ရူနေရမှာ ဖြစ်ပါတယ်။ ရူနေတယ်ဆိုတာ စိတ်ခံစားရတာတွေကို အသေးစိတ်ခွဲစိတ်ပြီး စဉ်းစားတွေးတော ဝေဖန်နေရမှာ မဟုတ်ပါဘူး။ အခု ငါ့စိတ်ထဲမှာ ခံစားရမူဖြစ်နေတာဟာ ဒါပဲလို့ သိရုံမျှသိပြီး လက်ခံဖို့ပါပဲ။ ဒီအချိန်မှာ ခန္ဓာကိုယ်မှာ ဘယ်လို ဝေဒနာတွေ ခံစားနေရသလဲဆိုတာကို ရူရမှာဖြစ်ပါတယ်။
ခန္ဓာကိုယ်မှာ ခံစားရတဲ့ဝေဒနာဟာ အဲဒီအချိန်မှာ ဖြစ်ပေါ်နေတဲ့စိတ်နဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း ဆက်သွယ်မိပြီးတော့ ဆက်သွယ်မူကြောင့် ဖြစ်ရတာပါ။ ကိုယ်ခန္ဓာဝေဒနာတွေရော၊ စိတ်ခန္ဓာဝေဒနာတွေရော အနိစ္စ အနိစ္စ အနိစ္စ အမြဲမရှိတဲ့ တရားတွေပဲ ဖြစ်ပြီးပျက်ကြတာချည်းပဲလို့ ရူနေရမှာ ဖြစ်ပါတယ်။
စိတ်မှာခံစားရတဲ့ ဝေဒနာတွေကိုလည်း အလွှမ်းမိုးမခံစေရပါဘူး။ သူတို့ကိုလဲ ဥပေက္ခာနဲ့ရူနေရင် တဖြည်းဖြည်းနဲ့ စိတ်ခံစားရမူတွေဟာလဲ ပျောက်ပျက်သွားကြပြီး ပြင်းထန်တဲ့ အစိုင်အခဲကြီးဟာလဲ ပျော်ကျသွားသလို ဖြစ်လာပါလိမ့်မယ်။ ခန္ဓာကိုယ်မှာ ခံစားနေရတဲ့ ဝေဒနာအစိုင်အခဲကြီးတွေ ပြိုကွဲပျက်စီး လောင်ကျွမ်းပျက်စီးကြပြီး ရုပ်နာမ်အစုဟာ လိုင်းကလေးတွေလို တုန်လူပ်ခါယမ်းနေခြင်းမျှသာ ဖြစ်သွားကြ ပါလိမ့်မယ်။
ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:
Post a Comment