ဒီဝိပဿနာကမ္မဋ္ဌာန်းနည်းကတော့ အထူးပြောနေစရာမလိုပါဘူး။ အင်မတန်ပဲ အံ့သြဖွယ်ကောင်းလောက်အောင် ထူးခြားပါတယ်။ ယောဂီတို့ရဲ့ ညစ်ပတ်နေတဲ့ အ၀တ်တွေကို သန့်ရှင်းစင်ကြယ်နိုင်တဲ့ ချေးချွတ်ဆေးဆပ်ပြာလိုပါပဲ။ ယောဂီတို့ စိတ်ထဲမှာရှိတဲ့ အညစ်အကြေးတွေကို အကုန်အစင် ဆေးကြောပြီး သန့်ရှင်းလာအောင် ဒီတရားနည်းကို အသုံးပြုကြပါ။
အညစ်အကြေးတွေများများ ဆေးကြောနိုင်လေလေ၊ သန့်ရှင်းလေလေဖြစ်ပြီး ယောဂီတို့ရဲ့ ဆင်းရဲဒုက္ခတွေလည်း နည်းနည်းလာမှာဖြစ်ပါတယ်။ ဘယ်သူမဆိုအသုံးပြုနိုင်တဲ့ နည်းဖြစ်ပါတယ်။ သုံးပြီးသူတိုင်းကလည်း အကျိုးခံစားခဲ့ကြရပြီး ဖြစ်ပါတယ်။ မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ် အခါကစပြီး နှစ်ပေါင်း(၂၅၀၀)ကျော်ကနေပြီး ယနေ့အထိ ဒီတရားကို သူ့နဂိုမူလအတိုင်း လိုက်နာကျင့်သုံးကြသူများဟာ ကောင်းကျိုးချမ်းသာတွေကို ခံစားကြရတာချည်းပဲ ဖြစ်ပါတယ်။
ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။
ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။
No comments:
Post a Comment