ဘာကိုပဲတွေ့ကြုံရ တွေ့ကြုံရ၊ ဘာကိုပဲ ခံစားရ ခံစားရ၊ တွေ့ကြုံရခံစားရတာတွေကို မလွတ်အောင်ကြိုးစားပြီး သတိရှိနေပြီး ဥပေက္ခာစိတ်နဲ့ ရူနေဖို့ရာသာဖြစ်ပါတယ်။ ဒီလိုဆိုရင်တော့ ယောဂီတို့ဟာ နောက်ဆုံးပန်းတိုင်ထိကို တဖြည်းဖြည်း တဖြည်းဖြည်း တိုးတက် လာကြပါလိမ့်မယ်။
သတိ၊ ဥပေက္ခာ၊ သတိ၊ ဥပေက္ခာ၊ သတိက ယောဂီတို့ရဲ့ ကိုယ်ခန္ဓာမှာ ခံစားချက်ဝေဒနာကို သတိရှိနေဖို့ ဖြစ်ပါတယ်။ ဥပေက္ခာကတော့ ဖြစ်ပေါ်လာတဲ့ ဝေဒနာတွေကို သာယာတပ်မက်ခြင်း တဏှာ၊ မဟုတ်လျှင်လည်း မလိုမုန်းထားခြင်း ဒေါသတို့နဲ့ တုန့်ပြန်ခြင်းမလုပ်ပဲ၊ စိတ်ကိုအညီအမျှထားပြီး ရူမှတ်ခြင်းဖြစ်ပါတယ်။
ဥပေက္ခာတော့ရှိပါတယ်။ ဒါပေမယ့် ဝေဒနာတွေကို မခံစားရဘူးဆိုရင် (ဝေဒနာတွေကို သတိရှိမနေရင် ဒါလည်း လမ်းမှန် မဟုတ်သေးပါဘူး။) ဝေဒနာတွေကို သတိရှိရှိနဲ့ ရူနေပေမယ့်လို့ စိတ်က ဥပေက္ခာ မဖြစ်နေဘူး၊ တုံ့ပြန်နေတယ်ဆိုရင်လည်း လမ်းစဉ်မှာ တိုးတက်မူရှိမှာ မဟုတ်ပါဘူး။ ဒါကြောင့် သတိကလည်း မှန်ကန်တဲ့သတိ၊ ဝေဒနာကိုလည်း သတိနဲ့ခံစားနေရပြီး စိတ်ကလည်း ပစ္စုပ္ပန်တည့်တည့်မှာ ဥပေက္ခာစိတ်နဲ့ ငြိမ်သက်နေမှ လမ်းစဉ်မှာ ခရီးတွင်မှာ ဖြစ်ပါတယ်။
ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:
Post a Comment