ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday, 3 May 2012

မြစ်ရေစီးနေတာကို ကြည့်သူပမာ


ဥပမာ - လူတစ်ဦးဟာ မြစ်ကမ်းနားမှာ ထိုင်နေပြီး မြစ်ရေစီးနေတာကို ကြည့်နေတယ် ဆိုကြပါစို့။ မြစ်ရေဟာ ရေစီးနေတာရဲ့ အနှေးအမြန်ကို ဘယ်လိုမှ မထိန်းနိုင်ပါဘူး။ ပြောင်းလဲပေးလို့လဲ မရနိုင်ပါဘူး။ သူကကြည့်နေရုံသာပဲ ကြည့်နေရတာပါ။



တစ်ခါတလေ ရေဟာ နည်းနည်းကြမ်းတမ်းလာပြီး လိုင်းကလေးတွေ ထလာပါတယ်။ တစ်ခါတလေလည်း ငြိမ်ငြိမ်သက်သက်ပဲ ရေစီးနေပါတယ်။ တစ်ခါတလေလည်း ရေက နောက်နေတယ်။ တစ်ခါတလေလည်း ကြည်လင်နေပါတယ်။ သူ့အနေနဲ့ကတော့ ရေဘယ်လိုပဲ စီးစီး၊ နှေးနှေးမြန်မြန်၊ နောက်သည်ဖြစ်စေ၊ ကြည်လင်သည်ဖြစ်စေ သူ့စိတ်ထဲမှာ ဘယ်လိုမှခံစားချက်မရှိဘဲ ဘယ်လိုမှတုံ့ပြန်မူမဖြစ်ဘဲ ကြည့်ရုံမျှသာကြည့်နေရမှာ ဖြစ်ပါတယ်။ ရေတွေနောက်နေတဲ့ အတွက်ကြောင့် ငိုလည်းမနေရပါဘူး။ ရေတွေကြည်လင်လာလဲ ၀မ်းသာအားရနဲ့ ထမခုန်ရ မကရပါဘူး။


ဒါဟာ ဥပေက္ခာနဲ့ပဲ ကြည့်ရုံမျှသာ ကြည့်နေရမှာ ဖြစ်ပါတယ်။ မြင်တယ်၊ သတိရှိတယ်၊ တွေ့တယ်၊ ဒါပေမယ့် စိတ်ထဲမှာ ဘယ်လိုမှမနေပါဘူး။ မြစ်ရေက သူ့ဘာသာသူ စီးနေတာကို ဒီလူက အစိုးမပိုင်ပါဘူး။ ဖြစ်သမျှ ပေါ်လာသမျှကို စောင့်ကြည့်နေရုံမျှသာ ဖြစ်ပါတယ်။


မျက်စိမမြင်တဲ့ လူတစ်ယောက်က မြစ်ကမ်းနားမှာထိုင်ပြီး မြစ်ရေစီးနေတာကို သူမတုန်လူပ်ပါဘူး။ သူ့စိတ်က ဥပေက္ခာအပြည့်နဲ့ပါလို့ ဆိုပေမယ့် သူကရေစီးနေတာကို မြင်နေရတာမဟုတ်ပါဘဲ။ တကယ်တွေ့ရှိ ခံစားရတာမှ မဟုတ်ဘဲကိုး။ တကယ်မြင်တွေ့ သိရှိ ခံစားရပြီး မတုန်လူပ်တဲ့စိတ်ဖြစ်နေတာကမှ ဥပေက္ခာ ဖြစ်ပါတယ်။


ယောဂီတို့ကလည်း ခန္ဓာကိုယ်ပေါ်မှာ ဝေဒနာတွေကို လက်တွေ့ မခံစားနိုင်ဘဲနဲ့ ဥပေက္ခာနဲ့ ရူနေတယ်လို့ဆိုရင် တကယ်မှန်ကန်တဲ့ ဥပေက္ခာ မဖြစ်နိုင်ပါဘူး။ ဝေဒနာတွေ ဖြစ်ပျက်ဖြစ်ပျက်နေတာကို ကိုယ်တွေ့လက်တွေ့ ခံစားသိရှိပြီး မတုံ့ပြန်ဘဲရူနေနိုင်မှသာ ဥပေက္ခာစိတ်ဖြစ်ပါတယ်။ ရုပ်နာမ်တရားဟာ တစ်ချိန်လုံး ဖြစ်ချုပ်ဖြစ်ချုပ်ပါလား။ အနိစ္စပါလားဆိုတဲ့ အသိနဲ့ရူနေပြီး တုံ့ပြန်မူမလုပ်ဘဲ စိတ်ကိုတည်ကြည်မျှတလာအောင် ထားနိုင်မှ ဥပေက္ခာစိတ်ဖြစ်ပါတယ်။ ဘာဝနာမယဉာဏ်နဲ့ ဖြစ်ပျက်နေသမျှတွေကို အမှန်တကယ် ဖြစ်ပျက်နေကြတဲ့အတိုင်း ပညာနဲ့ရူနေကြတော့ ယောဂီတို့ရဲ့စိတ်ဟာ အညစ်အကြေးတွေ ကင်းစင်လာပြီး သန့်ရှင်းစင်ကြယ်လာပါလိမ့်မယ်။


ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment