ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday, 3 May 2012

သိပ္ပံပညာရှင်၏ အသိပမာ

နောက်ဥပမာ တစ်ခုပြပါဦးမယ်။ သိပ္ပံပညာရှင်တစ်ဦးဟာ ၀တ္ထုပစ္စည်းတစ်ခု ဓာတ်တစ်ခုကိုယူပြီး အပူဓာတ်ပေးလိုက်ပါတယ်။ ဒီတော့ ဒီဝတ္ထုဓာတ်က အရည်ပျော်သွားပါတယ်။ ဆက်လက်ပြီးအပူဓာတ်ပေးလိုက်တော့ ဒီအရည်က တဖြည်းဖြည်းနဲ့ ခန်းခြောက်သွားပြီး အငွေ့ဖြစ်သွားပါလိမ့်မယ်။

ဒီအငွေ့ကို ဖန်ပြောင်းနဲ့ဖမ်းပြီး အအေးဓာတ်ပေးလိုက်တော့ ဒီအငွေ့က အရည်ပြန်ဖြစ်လာပါတယ်။ ဒီလို အမျိုးမျိုးပြောင်းလဲ ဖြစ်ပျက်နေတာကို သိပ္ပံပညာရှင်က နားလည်မူနဲ့ ကြည့်ရူနေပါတယ်။ ခန်းခြောက်သွားလို့၊ အငွေ့ဖြစ်သွားလို့ မငိုပါဘူး။ အရည်ပြန်ဖြစ်လာတဲ့ အခါကျတော့လည်း ထမခုန်ပါဘူး။ “ဒါက ဒီလိုခန်းခြောက်တာကိုး၊ ဒါကအရည်ပျော်တာကိုး၊” လို့သိတဲ့ အသိနဲ့ပဲ ကြည့်ရူသိနေပါတယ်။

ယောဂီတို့ရဲ့ ခန္ဓာကိုယ်ထဲမှာလဲ ဒီလိုပါပဲ၊ ပြောင်းလဲမူတွေ အမျိုးမျိုးဖြစ်နေပါတယ်။ ဒီလိုပြောင်းလဲနေပါကလားဆိုတဲ့ အသိနဲ့ တုံ့ပြန်မူဘယ်လိုမှ မလုပ်ဘဲ ရူရုံမျှသာ ရူနေရမှာ ဖြစ်ပါတယ်။ ဓာတ်ကြီးလေးပါး အစုအဝေးတွေဟာ၊ ရုပ်ကလာပ်လေးတွေဟာ ဖြစ်လိုက်ကြ ပျက်လိုက်ကြ ပျက်စီးကွယ်လွန်သွားကြ ဖြစ်နေကြပြီး တစ်ခါတစ်လေကျတော့ ပထိဝီဓာတ်က ပိုမိုထင်ရှားလာပါတယ်။ တစ်ခါတလေကျတော့လည်း တေဇောဓာတ်၊ ၀ါယောဓာတ်၊ အာပေါဓာတ်တို့ တစ်ခုပြီးတစ်ခု မဟုတ်လျှင် တစ်ခုတစ်ခုက ပိုပြီးပေါ်လွင် ထင်ရှားလာပါတယ်။

ဒါပေမယ့် သူတို့အားလုံးဟာ ဘယ်ဟာမှလဲ မမြဲပါဘူး။ ဖြစ်လာပြီး ချုပ်ငြိမ်းသွားတာချည်း ဖြစ်ပါတယ်။ အပြင်လောကကြီးမှာလည်း ထိုနည်းအတူပါပဲ။ ယောဂီတို့ရဲ့ ခန္ဓာကိုယ်အတွင်းမှာ ဖြစ်ချုပ်နေကြတာချည်းပါပဲ။ ဒါကို ဘာဝနာမယဉာဏ်နဲ့သိပြီး ကြမ်းတမ်းကနေသိမ်မွေ့ သိမ်မွေ့ပိုမိုသိမ်မွေ့လာပြီး အသိမ်မွေ့ဆုံးအဆင့်ကို ရောက်သည်အထိ ပိုမိုထင်ရှားသိရှိလာကြပါလိမ့်မယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment