ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday, 3 May 2012

ဓာတ်ကြီး ၄-ပါးဖြစ်ကြောင်းများ

ဓာတ်ကြီး ၄-ပါးနဲ့ သူတို့ရဲ့ လက္ခဏာ ၄-ပါးပေါ်လာတာဟာ အကြောင်းရှိပါတယ်။ အကြောင်းကတော့ ခန္ဓာကိုယ်နဲ့ စိတ်၊ ရုပ်နာမ် နာမရူပတို့ပေါ်မှာ တည်ပါတယ်။ ရုပ်ခန္ဓာထဲမှာ ဓာတ်ကြီး ၄-ပါး ပေါ်ရတဲ့အကြောင်းမှာ ပထမအကြောင်းကတော့ ယောဂီတို့ စားကြ သောက်ကြတဲ့ အာဟာရပေါ်မှာ တည်ပါတယ်။

ဥပမာ - အပူ အစပ် စားရင် ပူတဲ့ဝေဒနာတွေ ခံစားရတတ်ပါတယ်။ အဆီအစိမ့်တွေစားရင် ပထ၀ီ ဓာတ်အားကောင်းပြီး တရားထိုင်တဲ့အခါမှာ ကိုယ်လက်တွေလေးလံ တတ်ပါတယ်။ စားတဲ့အစာကိုလိုက်ပြီး ခန္ဓာကိုယ်ထဲမှာ ရုပ်ကလာပ်တွေ ဖြစ်ပေါ်ကြပါတယ်။ ကောင်းမွန်လတ်ဆတ်တဲ့ အဟာရကိုစားလျှင် ကျန်းမာသန်စွမ်းတဲ့ ခန္ဓာကိုယ်ရပြီး မသင့်တင့်တဲ့ အဟာရကိုစားလျှင် ခန္ဓာကိုယ်မှာ ရောဂါရရှိစေပါတယ်။

ခန္ဓာကိုယ်ထဲမှာ ရုပ်ကလာပ်အမျိုးအစား ဝေဒနာအမျိုးအစားတွေ ပေါ်လာရတဲ့ ဒုတိယအကြောင်းကတော့ ယောဂီတို့ရဲ့ ပတ်ဝန်းကျင် ရာသီဥတုပေါ်မှာ တည်ပါတယ်။ ပတ်ဝန်းကျင် ပူမူ၊ အေးမူ၊ သန့်ရှင်းစင်ကြယ်မူ၊ ညစ်ပတ်မူ၊ သာယာမူ၊ မသာယာမူတို့ဟာလည်း အလွန်အရေးကြီးပါတယ်။

စိတ်ပိုင်း နာမ်ပိုင်းဆက်လက်ပြီး ဖြစ်ပေါ်လာဖို့ရာကတော့ ခန္ဓာကိုယ်ဟာ အဟာရလိုသလိုပဲ စိတ်ဟာလဲ အဟာရလိုပါတယ်။ စိတ်ရဲ့ ပထမအဟာရတော့ စိတ်ပေါ်မှာ ဖြစ်ပေါ်နေတဲ့ ကောင်းမူ မကောင်းမူ၊ ကုသိုလ် အကုသိုလ်တွေ၊ သင်္ခါရတွေဖြစ်ပါတယ်။ ဥပမာ - ဒေါသသင်္ခါရတစ်ခုပွားလိုက်တယ်ဆိုပါတော့ ရုပ်ကလာပ်တွေဟာ ဒေါသကြောင့် ပူလောင်တဲ့ တေဇောဓာတ်တွေ များလာပြီး ယောဂီက ပူတဲ့ဝေဒနာကို ခံစားရပါတယ်။ ဒါကို ယောဂီက တုံ့ပြန်လိုက်တယ်ဆိုရင် သင်္ခါရတွေက ဆက်ကာဆက်ကာ ဆင့်ကာဆင့်ကာ ပွားလာပြီး မရပ်နိုင်တော့ပါဘူး။

စိတ်ရဲ့ ဒုတိယအဟာရကတော့ ယောဂီတို့ အရင်အတိတ်ကာလတုန်းက ပြုလုပ်ခဲ့ကြတဲ့ သင်္ခါရအဟောင်းတွေ ဖြစ်ကြပါတယ်။ အတိတ်ကာလတုန်းက လုပ်ခဲ့တဲ့ ကိစ္စနဲ့ သင်္ခါရမျိုးစေ့စိုက်ခဲ့တာဟာ အခုအချိန်မှာ ဒီမျိုးစေ့ဟာ အသီးသီးလာတော့ ခံစားရတဲ့ ဝေဒနာဟာ မျိုးစေ့ချတုန်းက စိုက်ခဲ့တုန်းက ခံစားရတဲ့ ဝေဒနာနဲ့အလားတူပါပဲ။ ဥပမာ - ဒေါသသင်္ခါရမျိုးစေ့စိုက်တုန်းက အပူဓာတ်ကိုခံစားရသလို ဒေါသသင်္ခါရ အသီးသီးလာတော့လည်း ဒီလိုပဲ ထပ်တူပူစပ်တဲ့အသီး၊ ပူတဲ့ဝေဒနာတွေကို ခံစားရပါတယ်။

တချို့ယောဂီတွေဟာ အင်မတန်အေးချမ်းတဲ့ တိုင်းပြည်တွေမှာ နှင်းတွေကျ ရေတွေခဲအောင်အေးတာ၊ အင်မတန်အေးနေတဲနေ့ရာမှာ စောင်တွေခြုံပြီး တရားထိုင်နေကြတာတောင် ပူပြင်းတဲ့ဝေဒနာတွေ ပေါ်လာကြတော့ ပူတယ်ပူတယ်ဆိုပြီး မခံမရပ်နိုင်ဖြစ်လာတော့ စောင်တွေကိုခွာပစ်၊ အင်္ကျီတွေချွတ်ပစ်ကြရပါတယ်။ မကောင်းတဲ့ဆိုးတဲ့ သင်္ခါရတွေ၊ အပါယ်ကိုလားစေတဲ့ အကုသိုလ်တွေပေါ်လာကြတာ ဖြစ်ပါတယ်။ ဒီလိုပေါ်လာကြတဲ့ သင်္ခါရတွေကို ဝေဒနာတွေကို ဆက်ဆက်ပြီး ရူရူသွားတော့ လောဘ ဒေါသ မောဟ အကုသိုလ်တွေ ကိလေသာအညစ်အကြေးတွေ ကံဟောင်းတွေ နည်းပါးနည်းပါလာပါလိမ့်မယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment