ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday, 3 May 2012

ဥပေက္ခာနဲ့သာ သင်္ခါရကင်းစင်

ယောဂီတို့က ဥပေက္ခာနဲ့ရူလေလေ သင်္ခါရတွေနည်းနည်းသွားလေလေနဲ့ အလွှာလိုက် အလွှာလိုက် ပျောက်ကွယ် ပျောက်ကွယ်ပြီး သွားကြပါလိမ့်မယ်။ ဒီလိုမရူကြဘူးဆိုရင် သိမ်မွေ့ဝေဒနာတွေ သုခဝေဒနာတွေကျတော့ “ကောင်းတယ် ကြိုက်တယ်”နဲ့ တုံ့ပြန်နေပြီး၊ နာကျင်တဲ့ ကြမ်းတမ်းတဲ့ ဝေဒနာ = ဒုက္ခဝေဒနာတွေကျတော့ “မကောင်းဘူး မကြိုက်ဘူး”လို့ တုံ့ပြန်နေရင်၊ လိုချင်တပ်မက်တဲ့ လောဘသင်္ခါရတွေနဲ့ မလိုမုန်းထားတဲ့ ဒေါသသင်္ခါရတွေပွားနေရင် ဒုက္ခတွေပဲ ပွားတော့မှာပဲ ဖြစ်ပါတယ်။

ဘယ်လိုဝေဒနာမျိုးပဲ ပေါ်လာပေါ်လာ ဥပေက္ခာနဲ့သာရူနေမယ်၊ တုံ့ပြန်မူမလုပ်ဘူးဆိုရင်တော့ သင်္ခါရတွေဟာ အလွှာလိုက် အလွှာလိုက် ပျောက်ပြယ်သွားကြပြီး တစ်ဆင့်က တစ်ဆင့်နဲ့ နောက်ဆုံး လုံးဝကင်းစင်သွားပြီး ချမ်းသာသုခကို ရရှိကြပါလိမ့်မယ်။

ဒါတွေဟာ ယောဂီတို့ ကိုယ်တိုင်ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ဘယ်သူတစ်ဦး တစ်ယောက်ကမှ ယောဂီတို့ကိုယ်စား လုပ်မပေးနိုင်ကြပါဘူး။ ယောဂီတို့ကို လမ်းညွှန်ပြပေးနိုင်ပါတယ်။ အားပေးစကားတွေ ပြောပေးနိုင်ပါတယ်။ ဒါပေမယ့် လမ်းစဉ်မှာကတော့ ယောဂီတို့ကိုယ်တိုင် တစ်လှမ်းချင်း တစ်လှမ်းချင်း လှမ်းကြရမှာ ဖြစ်ပါတယ်။ လမ်းစဉ်ကို လျှောက်တဲ့အခါမှာလည်း အတားအဆီးတွေ ခလုတ်ဆူးငြောင့်တွေ၊ ရန်သူတွေတွေ့ကြပြီး ယောဂီတို့ကို လွှမ်းမိုးသွားတတ်ပါတယ်။ ဒီလိုအဖြစ်မခံဘဲ ရန်သူငါးဦးတို့ကို တွန်းလှန်ပစ်ကြဖို့လိုပါတယ်။ မဟုတ်ရင်တော့ လမ်းစဉ်မှာ တိုးတက်မူရှိဖို့ရာ မလွယ်ကူပါဘူး။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment