အခုအဆင့် အခုအချိန်မှာတော့ ယောဂီဟာ ပန်းတိုင်ကို တမ်းတမနေပါနဲ့ဦး။ “နိဗ္ဗာန်ကို မျက်မှောက် ပြုချင်ပါတယ်။ နိဗ္ဗာန်ကို မျက်မှောက် ပြုချင်ပါတယ်၊ နိဗ္ဗာန်ဆိုတာ ဒီလိုလား ဟိုလိုလား”လို့ မျှော်တွေးနေရင် နိဗ္ဗာန်ဆိုတာနဲ့သာ၍ သာဝေးသွားစရာရှိပါတယ်။
ဒီကမ္မဋ္ဌာန်းနည်းရဲ့ အရေးကြီးတဲ့အချက်ကတော့ ယောဂီရဲ့စိတ်ကို ပစ္စုပ္ပန်တည့်တည့်မှာ ထားဖို့ရာ ဖြစ်ပါတယ်။ နောက်ကြောင်းတွေ သတိရပြီး အတိတ်ထဲမှာ မနေဘဲ၊ ရှေ့ဖြစ်မယ့် အကြောင်းတွေ တွေးတောမျှော်မှန်းပြီး အနာဂတ်ထဲမှာလဲ မနေဘဲ အခုအချိန်မှာ အဟုတ်တကယ်ဖြစ်ပျက်နေတဲ့ လက်ငင်းလက်တွေ့ကို ဘာဝနာမယဉာဏ်အသိနဲ့ သိနေဖို့သာ ဖြစ်ပါတယ်။
ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:
Post a Comment