ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Saturday, 12 May 2012

ဥပေက္ခာပွားဖို့ ကျင့်နေရခြင်း

ဝိပဿနာမှာ ခိုင်မြဲလာပြီဆိုရင် ယောဂီရဲ့ စိတ်ဟာလည်း ခိုင်မြဲလာပြီး တုန်လူပ်ခြင်း မရှိတော့ပါဘူး။ ဘာပဲဖြစ်ဖြစ်၊ ဘယ်လိုပဲဖြစ်ဖြစ် ဥပေက္ခာလိုပါတယ်။ အားလုံးနဲ့ အဆင်ပြေနေမှဖြစ်တဲ့ ဥပေက္ခာမျိုး မဟုတ်ပါဘူး။ လောကမှာအားလုံး အဆင်ပြေနေရင်တော့ ဥပေက္ခာ ပြုရတာလွယ်တာပေါ့။

ဒါပေမယ့် အပူတွေ ပွေလာပြီ၊ ဒုက္ခတွေ ပင်လယ်ဝေလာပြီ၊ အဆင်မပြေမူတွေ ဖြစ်လာပြီဆိုရင်တော့ ပြုံးပြုံးကလေနဲ့ နေနိုင်ကြပါဦးမလား။ ဒီလိုအခါမျိုးတွေမှာ ဥပေက္ခာရူဖို့ရာ လိုပါတယ်။ ဒါကြောင့် ဒီမှာလဲ ၁-နာရီအဓိဋ္ဌာန် ထိုင်ခိုင်းတာဟာ ဘယ်လောက်ပဲ နာနာ၊ ထုံထုံ၊ ကိုက်ကိုက်၊ ယားယား၊ စိတ်ကိုလည်း ငြိမ်ငြိမ်၊ ကိုယ်ကိုလည်း မတုန်မလူပ်နဲ့နေပြီး တုံ့ပြန်မူမပြုဘဲ နေနိုင်အောင် ကျင့်ပေးနေတာပါပဲ။ ဥပေက္ခာပွားဖို့ ကျင့်နေရတာ ဖြစ်ပါတယ်။

မြတ်စွာဘုရား ကိုယ်တော်တိုင်ကလဲ ဒုက္ခဆင်း ရဲအပေါင်းက ၀ိပဿနာနဲ့ လွတ်မြောက်ရတာဖြစ်တော့ သတ္တ၀ါတွေကိုလည်း မဟာကရုဏာတော် သက်ရောက်တော်မူပြီး လွတ်မြောက်ကြရအောင် လမ်းပြညွှန်ကြားပေးခြင်း ဖြစ်ပါတယ်။ ပထမဦးဆုံး ပဉ္စ၀ဂ္ဂီငါးပါးက စပြီးနောက် ရဟန်း(၅၀) (၅၀၀) (၅၀၀၀)တို့ကို တိုးတိုးပြီး တရားဟော ပြန့်ပွားလာပြီး အိန္ဒိယပြည်မြောက်ပိုင်းက လူတွေတော်တော်များများကြီးပဲ တရားရဲ့အကျိုးကျေးဇူးတွေကို ခံစားကြရပါတယ်။ ဒါပေမယ့်လည်း အတိုက်အခံလုပ်တဲ့ သူတွေကတော့ ရှိနေသေးတာပါပဲ။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment