ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Saturday, 12 May 2012

လောကဓံနှင့်တွေ့လည်း မတုန်လူပ်

မင်္ဂလာတရားတော်ထဲမှာ ၃၈-ပါးသော မင်္ဂလာတရားတော်တွေဟာ တစ်ခုထက်တစ်ခု တက်လာကြပြီး နောက်ဆုံးမင်္ဂလာ အရှိဆုံးကတော့ -
ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံ ယဿ န ကမ္ပတိ။
အသောကံ ၀ိရဇံ ခေမံ၊ ဧတံ မင်္ဂလ မုတ္တမံ - လို့ဆိုပါတယ်။




ဒါဟာ အကြီးဆုံး အမြင့်ဆုံး မင်္ဂလာပါပဲ။ “ဖုဋ္ဌဿလောကဓမ္မေဟိ” လောကဓံတရားရှစ်ပါးနှင့် တွေ့ရကြုံရပြီး လာဘ်ရရ၊ မရရ၊ အခြံအရံရှိရှိ၊ မရှိရှိ၊ ကဲ့ရဲ့ကဲ့ရဲ့၊ ချီးမွမ်းချီးမွမ်း၊ ချမ်းသာချမ်းသာ၊ ဆင်းရဲဆင်းရဲ၊ ဒါတွေဟာ ဘ၀မှာ ရင်ဆိုင်ရပေမယ့်လို့ “စိတ္တံ ယဿန ကမ္ပတိ” စိတ်တွေဟာ တုန်လူပ်ခြင်းမရှိ “အသောကံ” စိုးရိမ်ပူပန်ခြင်းလည်း မရှိ “၀ိရဇံ” အညစ်အကြေး ယမက်ဟူသော မြူလဲမရှိ “ခေမံ” မြဲမြံနေပါတယ်။ တုန်လူပ် ချောက်ခြားခြင်း မရှိပါဘူး။ စိတ်ဟာ လုံးဝ ဥပေက္ခာဖြစ်နေတာဟာ “ဧတံ မင်္ဂလ မုတ္တမံ” အလွန်မွန်မြတ်တဲ့ မင်္ဂလာတရားပါပဲ။


ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment